Chapter 134(Unicode&Zawgyi)

741 49 0
                                    



ရွှီရှင်းတောသည် ရပ်တန့်ပြီး ထုန်းယန်ကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။

ထောင်နှင့်ချီသော တပ်သားများက သူမအား တားဆီးထားလျှင်တောင် မကြောက်ရွံ့သော်ငြား
ထုန်းယန်က ရုတ်တရက် အလိုလိုက်ခံထားရသည့် ကလေးဆိုးလေးလို ပြုမူနေသည့်အခါ သူမအား တွန့်ဆုတ်သွားစေ၏။

သောက်ကျိုးနည်း! သူကအရမ်းချစ်စရာကောင်းတာပဲ။ သူမဟာ သူ့က်ို မငြင်းဆန်နိုင်တော့ပေ။

ဘေးမှ ဝိုင်းကြည့်နေကြသည့်သူများက ထပ်မံသည်းမခံနိုင်တော့ပေ။ ကြည့်နေကြသည့်သူများထဲတွင် ထုန်းယန်၏ ဖန်အများအပြားပါဝင်ပြီး
သူတို့၏ နှလုံးသားများက ချက်ချင်း ကွဲကြေသွားတော့သည်။ကျောင်းကို ရွှီရှင်းတော ရောက်ရှိလာပြီးနောက် သူတို့၏ စိတ်ထဲတွင် မှတ်ယူထားသည့် ထုန်းယန်၏ ပုံရိပ်က တစ်နေ့ထက်တစ်နေ့ ယိုယွင်းပျက်စီးလာ၏။

ကျောင်းတွင် ပျံ့နေသည့်ကောလာဟလမှာ ရွှီရှင်းတောကို လိုက်နေသည်က ဝေ့လန်ဖြစ်ပြီး ထုန်းယန် မဟုတ်ပေ။ ထိုသတင်းသာမှန်ကန်လျှင် သူတို့က အခုအခြေအနေကို ဘယ်လိုရှင်းပြရမှာလဲ?

ထုန်းယန်က မုမိသားစု မွေးနေ့ပွဲမှ ရွှီရှင်းတောကို
ခေါ်ထုတ်သွားခြင်းအား ထုန်းယန်က အနှောင့်အယှက်ပေးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ဟု မြင်ခဲ့ကြတာဖြစ်သည်။

ရွှီရှင်းတောအား သူမ၏ အိမ်စာများကူလုပ်ပေးခြင်းကိုတောင် သူငယ်ချင်းများအကြား ကူညီမှုနှင့် သူငယ်ချင်းသံယောဇဉ်ဟုသာ ဖော်ပြလို့ရနိုင်သေးသည်။ ရွှီရှင်းတောက သူ့ကို တစ်ခုခုလုပ်ပေးဖို့ ပြောလျှင်ပြောချင်း သူဟာ လုပ်ပေးလိမ့်မည်ဖြစ်သည်။ ၎င်းအား ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုဟူ၍လည်း မှတ်ယူနိုင်သေးသည်ပင်။

ဒါပေမဲ့ ထုန်းယန်က ရွှီရှင်းတောအတွက် ရန်ဖြစ်တဲ့ အချိန်တုန်းကရော? အဲဒါကတော့ သူရဲကောင်းက သူရဲ့ မင်းသမီးကို ကာကွယ်ပေးတာလို့ပဲ မှတ်ယူရတော့မှာ။

ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး။ သူမကို ပေးသာ သွားလိုက် ထုန်းယန်။ နင်က ငါတို့သိထားတဲ့ ထုန်းယန် မဟုတ်တော့ဘူး!!!!!

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now