Chapter 62(Unicode&Zawgyi)

1.4K 126 1
                                    


ထိုအခိုက်အတန့်တွင် သူမ၏မျက်နှာပေါ်ရှိ စုကျုံ့နေသည့်မျက်ခုံးတွေက သူမရဲ့ မသက်မသာဖြစ်မှုကို ဖော်ပြနေ၏။

ထုန်းယန်က သူ့ရဲ့လက်ချောင်းဖြင့် ရွှီရှင်းတော၏
နဖူးကို ထိပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "လဲကြရအောင်"

ရွှီရှင်းတောတစ်ယောက် တီးတ်ိုးပြောလ်ိုက်သည်။ "အဆင်ပြေတယ်။ ငါသည်းခံနိုင်တယ်"

"မင်း ဒီလိုပုံစံနဲ့ စာသင်တာကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ် ငါကအိပ်တော့မှာပဲ။ ဒါကြောင့် လဲကြရအောင်"

ရွှီရှင်းတော သဘောတူလိုက်ပြီးနောက် နှစ်ဦးသားဟာ ချက်ချင်းပင် သူတို့ရဲ့ခန္ဓာကိုယ်ကို လဲလိုက်ကြသည်။

ထုန်းယန်တစ်ယောက် ရွှီရှင်းတောရဲ့ခန္ဓာကိုယ်ထဲ ဝင်ဝင်ချင်း တီးတိုးပြောလိုက်သည်။ "အား! မင်း ဘာလုပ်ထားလို့လဲ?"

"ငါ မနေ့က အကိုက်အခဲပျောက်ဆေးသောက်တဲ့အချိန် ငါ့ရဲ့ အစာအိမ်ထဲမှာ ဘာမှ မရှိဘူး...."

"သာမန်လူတစ်ယောက်က မင်းရဲ့ ခန္ဓာကိုယ်ထဲဝင်ဖို့ တကယ် တောင့်မခံထားနိုင်လောက်ဘူး"

တကယ်လို့ မင်းဆေးသောက်ရင် မင်းရဲ့အစာအိမ်က အဲဒီဆေးကို ခံနိုင်မှာ မဟုတ်သလို နာကျင်မှုကို ခံစားရလိမ့်မယ်။

တကယ်လို့ ဆေးမသောက်ရင် မင်းက နာကျင်မှုကို တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။

ဒီခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက် ပြုပြင်သင့်တယ်။ ၁၇နှစ်တောင် မပြည့်သေးတဲ့ မိန်းမပျိုလေးတစ်ယောက်မှာ ဒီလိုဆိုးရွားတဲ့ ခန္ဓာကိုယ်ရှိနေတာ။ အဲဒါက ဘယ်လိုလုပ်ပြီး မျှတမှာလဲ?

ထိုသို့ပြောဆိုရင်း ထုန်းယန်က အဖွားရွှီထက် ရွှီရှင်းတောရဲ့အကြောင်းကိစ္စကို ပိုပြီးဂရုစိုက်လေသည်။

ရှင်းရှင်းလင်းလင်းပင် ရွှီရှင်းတောရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာကို ထုန်းယန်တစ်ယောက် သိသောကြောင့်ပင်။ သူဟာ သူမကို နားလည်ပြီး သူမနှင့် ထပ်တူခံစားကြည့်သောကြောင့်ပင်။ သူဟာ သူမကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို သိရှိလေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now