Chapter 108(Unicode& Zawgyi)

1K 92 2
                                    


ရွှီရှင်းတောဟာ သူမ၏မေးကို နည်းနည်း မော့လိုက်ပြီးအမေမုအား ပြန်မကြည့်ခင် အဖေမုအား ခဏမျှ ရဲတင်းစွာ စိုက်ကြည့်လိုက်သည်။

အမေမုနှင့် ရွှီရှင်းတောဟာ ခဏမျှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
အမေမုတစ်ယောက် သူမ၏ပါးပြင်ပေါ်တွင် မျက်နှာများကျဆင်းလျက် သူမ၏ခန္တာကိုယ်က အနည်းငယ်တုန်ယင်နေ၏။

ရွှီရှင်းတောဟာ ကျယ်လောင်စွာ သက်မချလိုက်သည်။ "အစောပိုင်းတုန်းက ကျွန်မမှာ
ငွေကြေးအရင်းအမြစ်မရှိတာရယ်၊ တစ်ယောက်တည်းနေလို့မရတာရယ်ကြောင့် ကျွန်မက ဒီကို ပြန်လာတာ။ ကျွန်မ အပြင်က လူတွေဆီမှာ အကူအညီမတောင်းချင်တဲ့အတွက်
အထောက်အပံ့အနေနဲ့ ကျွန်မရဲ့ သွေးသားတော်စပ်တဲ့မိဘတွေဆီမှာ မှီခိုဖို့ တွေးခဲ့တာ။ ဒီမှာနေတာက စိတ်မချမ်းမြေ့စရာကောင်းမယ်လို့ မထင်ဘူး။ဒီက ထွက်သွားတာက ပိုငြိမ်းချမ်းပြီး ပိုအဆင်ပြေမယ်လို့ ထင်တယ်။ ကျွန်မ တတ်နိုင်
သလောက်မြန်မြန် ထွက်သွားပါ့မယ်။ကျွန်မ ထွက်သွားတဲ့အခါ ကျွန်မနဲ့မိသားစုကြားက ဆက်ဆံရေးအကြောင်း ပြောမှာမဟုတ်ဘူး။
တစ်ခါမှ မတွေ့ဖူးသလိုမျိုး ဟန်ဆောင်လိုက်မယ်"

ရွှီရှင်းတောတစ်ယောက် စကားဆုံးသွားသည့်
အခါ မိသားစုဝင်များကို ကျော်လျက် အပေါ်ထပ်ကိုတက်သွား၏။ မည်သူမှ သူမကိုမတားပေ။

မူချင်းယီဟာ ရွှီရှင်းတောတစ်ယောက် အပေါ်ထပ်သို့ တက်သွားသည်ကို ကြည့်လိုက်ပြီး
သူ၏မိသားစုဝင်များကို ပြန်ကြည့်လိုက်သည်။

သူဟာ သူ့ရဲ့ခေါင်းကို ငုံ့လျက် အနည်းငယ် စိတ်မကောင်းဖြစ်နေ၏။ သူ၏မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်နေသော်ငြား သူဟာ ဘာမှမပြောနိုင်ပေ။ အဆုံး၌ သူဟာ သက်မချလျက် ပြောလိုက်သည်။ "အပြင်လူတစ်ယောက်ကိုကျွန်တော်တို့ကို ပျက်ရယ်ပြု ခွင့်ပြုထားပြီး ဒီလိုကိစ္စတွေထိ ဖြစ်လာအောင် လုပ်ဖို့လိုလို့လား?"

သူဟာ ဤစကားကိုပြောနေသည့်အချိန် မုချင်းယောင်အား ဒေါသချောင်းချောင်းထွက်နေသောအကြည့်ဖြင့် ကြည့်နေ၏။
မုချင်းယောင်မှာ သူပြောနေသည့် အပြင်လူဖြစ်ကြောင်း သိသာလှသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now