Chapter 101(Unicode&Zawgyi)

1K 89 1
                                    

လုချီချောင်က ထုန်းယန်ကို ပြောလိုက်သည်။ "ယိုး အကိုယန် မင်းရဲ့ကောင်မလေးနဲ့ ဂိမ်းတစ်ခု ကစားကြရအောင်။ ဘယ်သူက ကိုယ့်ပါတနာကို အသိဆုံးလည်း ဆိုတာကိုလေ။ ရှုံးတဲ့သူက အဝတ်မပါဘဲနဲ့ ရေကူးကန်ထဲ ခုန်ဆင်းပြီး ငါတို့ကို စည်းချက်ညီတဲ့ရေကူးအကအလှနဲ့ ဖျော်ဖြေရမယ်"

လုချီချောင်တစ်ယောက် စကားပြောပြီးသွားသည့်အခါ သူက ထုန်းယန်ကို အခြားလူတစ်စုဆီ ဆွဲခေါ်သွား၏။ သူဟာ ပြဿနာတချို့ ဖြစ်ပွားစေချင်နေသည့်ပုံပင်။

သူ၏အမြင်တွင် ရွှီရှင်းတောနှင့် ထုန်းယန်တို့ တစ်ယောက်ကို တစ်ယောက်သိကြသည်မှာ ရက်အနည်းငယ်မျှ ရှိသေးတာ ဖြစ်သည့်အတွက် သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် လုံးဝ မရင်းနှီးကြပေ။

လုချီချောင်ရွေးချယ်ထားသည့် အခြားအတွဲများက ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြတာဖြစ်သည်။ သူတို့ဟာ အတူတကွ ကြီးပြင်းလာခဲ့ကြတာဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက်အလွန် ရင်းနှီးကြသည်ဟု ပြောစရာမလိုအောင်ပင်။

အဖွဲ့များထဲမှ တစ်ဖွဲ့မှာ ဝေ့လန်နှင့်စူးဝေတို့ ဖြစ်ကြလေသည်။ ရွှီရှင်းတောနှင့်ထုန်းယန်တို့ဟာ အလယ်မှာ ဘေးချင်းကပ်ထိုင်နေကြပြီး မေးခွန်းအချို့ မေးခံနေရ၏။

အခန်းထဲရှိအခြားသူများ၏ မေးခွန်းမေးသည့် အလှည့်ဖြစ်သည့်အတွက် အချိန်ကြာလာလေလေ မေးခွန်းများက ဖြည်းဖြည်းချင်း ပိုမို ခက်ခဲကာ ပရိယာယ်နျားလာလေလေ ဖြစ်သည်။

အစပိုင်းမှာ သူတို့ဟာ တစ်ယောက်စီ၏ ဖိနပ်ဆိုဒ်ကို မေးခံရလေသည်။ လူတိုင်းဟာ သူတို့ရဲ့ ဖိနပ်ဆိုဒ်ကို အပေါ်မှာ ရေးပြီး ကိုယ့်ပါတနာရဲ့ ဆိုဒ်ကို ခန့်မှန်းရေးရမည် ဖြစ်သည်။ အကယ်၍ နှစ်ယောက်လုံးမှန်ကန်လျှင် တစ်မှတ်ရရှိမှာ ဖြစ်သည်။

နောက်တစ်ယောက်က မေးလာ၏။ "ဘယ်အချိန်မှာ ကိုယ့်ပါတနာ ထလဲ?"

လုချီချောင်တစ်ယောက်မမေးဘဲ မနေနိုင်တော့ချေ။ "တကယ်လို့ အချိန်အတိအကျမရှိဘဲ နိုးချင်တဲ့အချိန် အလိုလို နိုးတာမျိုးဆိုရင်ရော?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now