Chapter 159(Unicode&Zawgyi)

240 32 0
                                    



မုချင်းယောင်သည် အဖေမုက ရုတ်တရက် ဒီမေးခွန်းကို မေးလိမ့်မယ်ဟု ထင်မထားပေ။ သူမ၏ ခေါင်းကို ခါပြီး ပြန်ပြောလိုက်သည်။ "ကျွန်မ မသိဘူး"

"ရှန်းကျုဟန်က အစောပိုင်းတုန်းက ငါ့ကို ဖုန်းဆက်တယ်။ သူက မင်းနဲ့ လမ်းခွဲတော့မယ်တဲ့။
သူက ဖြစ်ပျက်သမျှအရာအားလုံးကိုလည်း ပြောပြသွားတယ်။ ငါ မင်းကို သင်ခန်းစာပေးလိုက်ပါ့မယ်လို့ပြောပြီး သူ့စိတ်ငြိမ်သွားအောင် မလုပ်နိုင်ခင် ငါ သူ့ကို ကားထဲမှာ နာရီဝက်ကျော်ကျော် လောက် စကားပြောခဲ့ရတယ်"

မုချင်းယောင်က ထိတ်လန့်မှုကြောင့် သူမ၏ မျက်လုံးက ပြူးကျယ်နေကာ သူ့ကို စိုးရိမ်တကြီးကြည့်နေ၏။ သူမက ပြန်ဖြေလိုက်သည်: "အဲဒီလို မဟုတ်ပါဘူး...သူကကိစ္စတွေကို ချဲ့ကားပြောဆိုနေတာ!"
"သူ စိတ်ဆိုးတာက မင်းတခြားကောင်လေးနဲ့ ဖက်နေလို့ မဟုတ်ဘူးလား?"

"သူ အရင်က ကျွန်မတို့အတန်းထဲက ကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်ရုံကို သွားဖူးတယ်...."

သူမ စကားမဆုံးခင်မှာပင် သူ့ရှေ့က စားပွဲခုံလေးကို တိုက်ရိုက်ပင် လှန်ချလိုက်သည်။ စား
ပွဲခုံနှင့်အတူ ခုံပေါ်က ပစ္စည်းများပါ ကြမ်းပြင်ပေါ် တစ်စစီ ကွဲကြေသွားပြီး အသံကျယ်ကြီးတစ်သံထွက်ပေါ်လာ၏။

စားပွဲပေါ်တွင် ပန်းအိုးတစ်အိုးပါ ရှိနေ၏။ မုချင်းယောင်က သူမ၏ အခန်းထဲတွင် ပန်းအနံ့ရနေသည်ကို နှစ်သက်သည့်အတွက် သူဟာ မကြာခဏပန်းဝယ်လေ့ရှိသည်။ သူမဟာ ဒီအကျင့်ကို အချိန်အတော်ကြာ မွေးမြူလာခဲ့တာ ဖြစ်သည်။

ထို့ကြောင့် စားပွဲမှောက်သွားသည့်အခါ ပန်းအိုးက ကွဲသွားပြီး ရေနှင့် ပန်းအိုးအပိုင်းအစများက ကြမ်းပြင်တစ်ခုလုံး ပျံ့ကြဲနေ၏။

မုချင်းယောင်တစ်ယောက် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီနေပြီး အမေမုကို ချက်ချင်း ပြေးဖက်လိုက်သည်။ အမေမုလည်း မုချင်းယောင်နီးတူ ကြောက်ရွံ့နေသော်ငြား မသိစိတ်၏ စေ့ဆော်မှုအရ သူမကို နှစ်သိမ့်ပေးနေဆဲပင်။

"ဒီမိသားစုမှာ မင်းရဲ့နေရာက ဘာလဲဆိုတာကို အခုထိ နားမလည်သေးဘူးလား?" အဖေမုက ထိန်းချုပ်ထားရသည့် မကောင်းဆိုးဝါးတစ်
ကောင်လို တိုးလျသည့်လေသံ ဖြင့် ပြောလိုက်
သည်။ "မင်းရဲ့တာဝန်က ရှန်းကျုဟန်နဲ့ လက်ထပ်ပြီးတော့ မုမိသားစုနဲ့ ရှန်းမိသားစုကို ဆက်နွယ်ပေးရမှာ။ မဟုတ်ရင် ရွှီရှင်းတောရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက်နဲ့ ငါတို့အများကြီး ဒုက္ခခံနေစရာအကြောင်းမရှိဘူးကွ။ ဒါတွေအားလုံးက မင်းရဲ့ လက်ထပ်စာချုပ်ကြောင့်ပဲ လုပ်ခဲ့တာ!"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now