Chapter 14 (Unicode&Zawgyi)

1.8K 145 0
                                    


လော့ရွှီတစ်ယောက် သူမ၏နှလုံးသားက ပို၍အခုန်မြန်နေသလို ခံစားရသည်။

သူမသည် ချောမောသည့်လူများအား ကြည့်ရှုရခြင်းကို အတော်လေးပိုနှစ်သက်သည်။  ထိုကဲ့သို့ လူများကို သူမတွေ့သည့် မည်သည့်အချိန်မဆို သူမစိတ်လှုပ်ရှားသလို ခံစားရ၏။ ယနေ့မတိုင်ခင်က ဤနေရာတွင် မုချင်းယောင်၊ ရှောက်ချင်းဟယ်တို့ရှိ၍ ဤမိတ်ကပ်သင်တန်းသည် ကမ္ဘာမြေပေါ်က သုခဘုံတစ်ခု ဖြစ်နှင့်နေပြီဟု သူမ တွေးတောခဲ့သည်။

ကျောင်းတွင် မုချင်းယောင်သည် အလွန်နာမည်ကြီးသည်။ ရှောက်ချင်းဟယ်သည်လည်း မိန်းကလေးများကြားတွင် ရေပန်းစားသော ပုံရိပ်တစ်ခုဖြစ်သည်။

သူတို့သည် ဤမိတ်ကပ်အတန်းများအတွက် တွေ့ဆုံကြသည့်အခါ တန်ဖိုးကြီး စခန်းချရာနေရာတစ်ခုကဲ့သို့ခံစားရ၏။ သူတို့နှင့် အတန်းတက်ရသည်မှာ
စိတ်ချမ်းမြေ့စရာပင်။

ယခုအချိန်တွင် အတန်းထဲ၌ နောက်ထပ်လှပသော မိန်းကလေးတစ်ယောက် ရှိသည်။ လော့ရွှီမှာ အလွန်စိတ်လှုပ်ရှားနေသည်။ အထူးသဖြင့် ထိုမိန်းကလေးက သူမထံသို့ တက်တက်ကြွကြွစကားပြောပြီး သူမနှင့်ပတ်သက်ပြီး ဂရုစိုက်သည့် အချိန်တွင်ဖြစ်သည်။

'အဲဒီလိုမျိုး လုပ်စရာမလိုပါဘူး။ နင်က အရမ်းလှတယ်။ ငါ့ကိုသာ လျစ်လျူ ရှုထားလိုက်ပါ!!!!'

လော့ရွှီသည် အလွန်ပျော်ရွှင်နေသည့်အတွက် သူမဟာ စိတ်လှုပ်ရှားမှုကြောင့် ထရပ်ပြီး ပတ်ခုန်တော့လုနီးပါးပင်။ သူမဟာ သူမရဲ့သူငယ်ချင်းများထံ မက်ဆေ့ဂျ်ပို့ရန်  သူမရဲ့ဖုန်းကို အလျင်စလိုသုံးလိုက်သည်။

ငါဟာ အလှလေးတစ်ယောက်ကို မြင်ခဲ့တယ်!
ငါ အသက်တောင် ပြင်းပြင်း မရှုရဲတော့ဘူး!

♣♣♣

ရှောက်ချင်းဟယ်သည် ပို့ချချက်ကို နားထောင်နေရင်း နောက်ကို မှီထား၏။ ရွှီရှင်းတောတစ်ယောက် သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်ကို သူမြင်ရသည်။

သူသည် ရွှီရှင်းတော၏ရုပ်ရည်သွင်ပြင်ကို ကြည့်ရှုလိုက်ပြီးနောက် မုချင်းယောင်အကြောင်း တွေးတောလိုက်သည်။ နောက်ဆုံးတော့ သူဟာမုချင်းယောင်ကို လှည့်ကြည့်လိုက်ပြီး သူ၏ပါးစပ်မှာ အပေါ်သို့ မကွေးတက်ဘဲ မနေနိုင်တော့ချေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now