Chapter 123(Unicode&Zawgyi)

719 53 1
                                    


"အိုး ဟုတ်တယ်! အဲဒါက ကြမ်းလောက်တယ်!
စာမေးပွဲက ခက်တယ်လို့တော့ တွေးမိတယ်...အထူးသဖြင့် နောက်ဆုံးကနေရေရင် ဒုတိယမြောက်မေးခွန်းလေ။ မုချင်းယီနှင့် ရှောက်ချင်းဟယ်က ဒုတိယအဖြေကို ရွေးကြတာ။ ငါက တတိယအဖြေကို ရွေးလိုက်တာ"
"နင် ဘာကို ရွေးလိုက်လဲ?"

လော့ရွှီက မေးလိုက်ပြီး ရွှီရှင်းတောက ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။ "မုချင်းယီ မှန်လောက်တယ်"

"ဟုတ်ပြီ မအံ့ဩတော့ပါဘူး။ ပြီးတော့ မုချင်းယီက ဉာဏ်ကြီးရှင်ပဲဟာ။ ရှောက်ချင်းဟယ်ကလည်း အဆင့်တွေ အတော်လေး ကောင်းပေမဲ့
သူက ကျောင်းကို သိပ်မလာတော့ အချိန်အများစုမှာ လိုက်မမှီရုံလောက်ပဲ ရှိတာ"

စကားပြောလို့ ပြီးသွားမှသာ လော့ရွှီသည် ရွှီရှင်းတော၏ အဖြေကို သတိရသွားပြီး "နင် ဖြေနိုင်တယ်လို့ပြောလိုက်တာမလား?"

"အင်း ဟုတ်တယ်။ တရုတ်စာနဲ့ သင်္ချာပဲလေ"

လော့ရွှီ: "ဒါဆို နောက်ဆုံးကနေရေရင် ဒုတိယမြောက် မေးခွန်းအတွက် နင့်ရဲ့ အဖြေက မုချင်းယီရဲ့အဖြေနဲ့တူတူပဲလား? ဒါဆို နောက်ဆုံးမေးခွန်းကရော?"

ရွှီရှင်းတောသည် သူမ၏အိတ်ကို ကိုယ်နှင့်မကွာ ဆောင်ထားသည့်အတွက် စာရေးစက္ကူကပ်နှင့်
ဘောပင်ကို ထုတ်လိုက်ပြီး လော့ရွှီဖတ်ဖို့ မှတ်စုတစ်ချို့ကို အသော့ရေးလိုက်သည်။ လော့ရွှီသည် မှတ်စုများကိုကြည့်ပြီးနောက် ရွှီရှင်းတောကို ပြန်ကြည့်လိုက်သည်။ ယခင်က ဒုံးပျံအတန်းမှ လူတိုင်းက စာမေးပွဲပြီးလျှင် အဖြေတိုက်ရန် လူစုလေ့ရှိသည်။ ရွှီရှင်းတော၏ နောက်ဆုံးမေးခွန်းရဲ့ အဖြေက မုချင်းယီ၊ ရှောက်ချင်းဟယ်တို့၏ အဖြေနှင့်တူနေကြောင်း ချက်ချင်းပင် သတိထားမိသွား၏။

လော့ရွှီတစ်ယောက် အချိန်တစ်ခုထိ အံ့အားသင့်နေပြီးနောက် သူမ၏ မျက်နှာကို တည်တည်တံ့တံ့ဖြစ်အောင် ပြင်လိုက်သည်။
သူမဟာ ရွှီရှင်းတော၏ ကျန်သည့်အဖြေများကို ဆက်မဖတ်ချင်တော့ပေ။ သူမဟာ ထိုမေးခွန်းနှစ်ခုကို မှန်မှန်ကန်ကန်မဖြေဆိုခဲ့ကြောင်း သိရှိသည့်အတွက်ကြောင့်ပင်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now