Chapter 94(Unicode&Zawgyi)

1.1K 102 1
                                    

Suprise!!!!

ယခု သူမဟာ တစ်ချိန်တည်း၌ ပါးနှစ်ချက်ဆင့်ရိုက်ခံလိုက်ရသလိုပင်။

ပထမတစ်ချက်က သူမဟာ ရှက်စရာကောင်းသည့်အခြေအနေတွင် အဆုံးသတ်သွားပြီး ဒုတိယတစ်ချက်မှာ သူမက ထုန်းယန်ကို သဘောကျနေသော်ငြား သူကမူ စင်စစ် ရွှီရှင်းတောကိုသဘောကျ နေ၏။

ရွှီရှင်းတောက ဘာမလို့လဲ?!
သူမရဲ့မိသားစုနောက်ခံက ငါ့လောက်ကောင်းတာမဟုတ်ဘူး။ သူမရဲ့အဆင့်တွေကလည်း ငါ့လောက်မကောင်းဘူး! ရွှီရှင်းတောက လှတာကလွဲရင် ဘာမှ သုံးစားလို့မရဘူး!

လူတိုင်းက လုရန်ကျားကို ကြည့်လာကြ၏။ သို့သော်ငြား သူတို့ဟာ လုရန်ကျားတစ်ယောက် ပြောရန် တုံ့ဆိုင်းနေသည်ကို မြင်ပြီး သူတို့ဟာ အမှန်တရားကို ရိပ်စားမိသွားသော်ငြား အနည်းငယ် မထိတ်လန့်ဘဲ မနေနိုင်တော့ချေ။

လုရန်ကျားဟာ ယခုလေးတင် အလွန်ယုံကြည်ချက်ရှိနေခဲ့တာ ဖြစ်သည်။ သူမက နာရီအစစ်မှာ အမှတ်စဉ်နံပါတ်ရှိတာကို သတိမထားမိတာ ဖြစ်နိုင်တယ်မလား?

ယခု အမှန်တရားက ပေါ်ထွက်လာသည့်အခါ လုရန်ကျားတစ်ယောက် အနည်းငယ်ရှက်ရွံသွား၏။

တစ်စုံတစ်ယောက်​က လုရန်ကျားက်ို သတိပေးလိုက်သည်။ "ရန်ကျား နင့်ရဲ့ အမှတ်စဉ်နံပါတ် ငါ့ကိုပြော။ နင့်ရဲ့နာရီကို အတုလို့ လူတွေမထင်စေနဲ့"

လုရန်ကျားက မပြောနိုင်သည့်အတွက် သူမဟာ ဒေါသတကြီး ပြန်ဖြေလိုက်သည်။ "ငါက ဘာလို့ သက်သေပြရမှာလဲ?"

ထိုသို့ပြောပြီးနောက် သူမဟာ လျင်မြန်စွာ ပြေးထွက်သွား၏။ မိန်းကလေးများက တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြ၏။

တစ်စုံတစ်ယောက်က ရွှီရှင်းတော၏ နာရီပေါ်က အမှတ်စဉ်နံပါတ်နေရာကို အနားကပ်ကြည့်လိုက်ပြီး လုရန်ကျားနောက် လိုက်သွား၏။

တစ်ခဏမျှ ကြာပြီးနောက် ကောင်လေးတစ်ယောက်က ပြန်လာပြီး မရယ်ဘဲမနေနိုင်တော့ချေ။ "ဘုရားရေ သူမရဲ့ဒိုင်ခွက်ဖက်မှာ အမှတ်စဉ်နံပါတ်မရှိဘူးကွ။ သူမရဲ့ နာရီက အတုပဲ။ သူမက ဘယ်လိုလုပ်ပြီး ကျောင်းမှာ တစ်နေကုန်ကြွားနေရတာလဲ?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now