Chapter 34(Unicode&Zawgyi)

1.6K 125 0
                                    


ထုန်းယန်တစ်ယောက် ရွှီရှင်းတော၏မက်ဆေ့ချ်ကို ဖတ်သည့်အခါ အလွန်ရှုပ်ထွေးသွားသည်။ သူဟာ မြန်မြန် စာပြန်လိုက်သည်: မုမိသားစုမှာ ဘာဖြစ်နေတာလဲ? ဒီလိုကိစ္စမျိုးတွေကို သူတို့ထက် အသက်ငယ်တဲ့သူတွေက ထိန်းချုပ်တာလား?

ရွှီရှင်းတော: ငါ့ရဲ့ ဘယ်သူဘယ်ဝါဆိုတဲ့အထောက်အထားကိုလည်း မုချင်းယီက စုံစမ်းတာလို့ ကြားတယ်။

ထုန်းယန်: မုမိသားစုရဲ့ ဇနီးမောင်နှံက အနှေးနဲ့အမြန် အဆုံးသတ်သွားလိမ့်မယ်။ သူတို့က မင်းနဲ့ မုချင်းယီလို သားသမီးမျိုးကို မွေးနိုင်တာ တကယ် အံ့ဖွယ်ဖြစ်ရပ်ပဲ။

ဤအချိန်တွင် ရွှီရှင်းတောတစ်ယောက် အခြားမက်ဆေ့ဂျ်ကို လက်ခံရရှိလေသည်။ သူမဟာ ၎င်းကို နှိပ်လိုက်သည့်အခါ လော့ရွှီပို့တာဖြစ်ကြောင်း တွေ့ရှိသွား၏။

လော့ရွှီ: နင် ငါ့ကို အဲဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့အရာအားလုံး ငါ့ဆီလာပြောလိမ့်မယ်လို့ ထင်ပြီး ငါတစ်ညလုံးစောင့်နေခဲ့တာ။ နင်တိတ်တိတ်လေးနေဖို့ကို ငါမမျှော်လင့်မိပေမယ့် ငါကတော့ငြိမ်ငြိမ်လေးထိုင်နေမှာမဟုတ်ဘူး

ရွှီရှင်းတော: အဲဒါက နင်နဲ့လည်း ငြိနေမှာ မဟုတ်ဘူးလား?

လော့ရွှီ: ငါ ဂရုမစိုက်ဘူး။ မုချင်းယောင်က ငါ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။အဲဒီ ခွေးမလေး! ငါ သူမကို ဆူပူကြိမ်းမောင်းခဲ့ပေမဲ့ သူမက ပြန်မတုံ့ပြန်ရဲဘူး။သူမက မုချင်းယီနဲ့ ရှန်းကျုဟန်မရှိရင် ဘာမှမဟုတ်ဘူးဆိုတာ သူ့ကိုယ်သူ သိတယ်လေ။

ရွှီရှင်းတော: နားထောင်လို့ ကောင်းသားပဲ။

လော့ရွှီ: နင် မိတ်ကပ်အတန်းကို သွားဦးမှာလား?

ရွှီရှင်းတော: အင်း

လော့ရွှီ: ကောင်းတယ်။ သူတို့ကို ကြောက်စရာ မလိုဘူး။ရှောက်ချင်းဟယ်က မျှတတဲ့သူပဲ ပြီးတော့ သူ အဲဒီနေ့က နင့်အတွက်လည်း ရပ်တည်ပေးခဲ့တယ်။ ပြီးတော့ မုချင်းယီကလည်း ကျောင်းသားလဲလှယ်တဲ့ ပရိုဂရမ် ပြီးေတာ့မှာမလို့ သိပ်မကြာခင် အိမ်ကို ပြန်လာတော့မှာ။

ရွှီရှင်းတောတစ်ယောက် ထိုမေးခွန်းကို ထပ်မံ၍ မေးမြန်းလိုက်သည်: မုချင်းယီက ဘယ်လိုလူမျိုးလဲ?

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now