Chapter 125(Unicode&Zawgyi)

729 48 0
                                    


တစ်ခဏမျှ ကြာပြီးနောက် ရွှီရှင်းတောသည်
ရေနွေးတစ်ခွက်နှင့် နို့လက်ဖက်ရည်တစ်ခွက် ယူလာ၏။ "နို့လက်ဖက်ရည်ဆိုင်က ငါ့ကို သူတို့ရဲ့ နို့လက်ဖက်ရည်မဝယ်မချင်း ရေနွေးတစ်ခွက် မရောင်းဘူးတဲ့လေ။နင့်ရဲ့ဆေးကို အရင်သောက်လိုက်။ နို့လက်ဖက်ရည်မသောက်ခင်
ခနလောက်စောင့်လိုက်ဦး ပူနေသေးတယ်"

လျိုယထင်းသည် ဘာမှမပြောဘဲ သူမ၏ နေရာတွင်သာ ကျန်ခဲ့သည်။

ရွှီရှင်းတောဟာ ဆက်နေဖို့ အစီအစဉ်မရှိပေ။ သူမဟာ လျိုယထင်း ရှေ့မှာ ခွက်များကို ထားပြီးသည်နှင့် ထွက်သွား၏။

လျိုယထင်းသည် ရေနွေးခွက် နှုတ်ခမ်းပေါ်က
ပလတ်စတစ်ပိုက်ကို တို့လိုက်သည်။ သူမ၏ ဆေးကို သောက်ပြီးနောက် ရွှီရှင်းတောနောက်ကို သေချာ ကြည့်နိုင်ရန် သူမ၏ ထိုင်နေသည့်ပုံစံကို
ပြောင်းလဲလိုက်သည်။ ရွှီရှင်းတောက တစ်ဖန်
ကျောင်းသားရေးရာဌာနဖက်ကို သွားနေသည့်ပုံပင်။ ရွှီရှင်းတောက ထုန်းယန်ကို စောင့်ဖို့ ကြံရွယ်နေကြောင်း သူမဟာ ခန့်မှန်းမိသွား၏။

သူမဟာ နောက်ထပ် ရေနွေးနှစ်ငုံခန့်သောက်လိုက်ပြီး သူမ၏ ခြေသလုံးကြွက်သားကို ငုံ့ကြည့်ရင်း မျက်ခုံးများ တွန့်ချိုးသွား၏။

ပြန်တွေးကြည့်လျှင် သူမဟာ လွန်ခဲ့သည့် နှစ်နှစ်မှစ၍ ဓမ္မတာလာခဲ့တာ ဖြစ်ပြီး လာသည့်အချိန်တိုင်း မချိတင်ကဲ နာကျင်မှုကို ခံစားရတာ ဖြစ်သည်။ အကယ်၍ သူမသာ
အကိုက်အခဲပျောက်ဆေးကို အများအပြားသောက်လျှင် ဆေးတွေအပေါ် အလွန်အမင်း
အားကိုးနေရမည်ဆိုသည့် ကောလာဟလတချို့ကို ယုံကြည်လေသည်။ထို့ကြောင့် သူမဘာသာ သူမ တောင့်ခံရင်း နေလိမ့်မည်သာ။

တစ်ခါတုန်းက နာကျင်မှုက အလွန်အမင်း တောင့်မခံထားနိုင်တော့သည့်အတွက် သူမဟာ မူးမေ့လဲသွား၏။ ထုန်းယန်က သူမဆီပြေးလာသည်ကို မြင်ပြီးဆေးပေးခန်းသို့ ခေါ်သွားပေးသည်ကို ဝိုးတဝါးမှတ်မိလေသည်။

သူမနိုးလာသည့်အခါ ထုန်းယန်က ထိုတူညီသည့် နေရာအား နှိပ်နယ်ပေးနေသည်ကို တွေ့လိုက်ရသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now