Chapter 44(Unicode&Zawgyi)

1.6K 145 0
                                    


ဘုရားသခင်ကသာ ဘာကြောင့်မှန်းသိမှန်း သိလိမ့်မည်။ ထုန်းယန်တစ်ယောက် လော့ရွှီကိုစကားပြောရန် စင်စစ် လက်ဦးမှုယူလိုက်သည်။ "လော့ရွှီ ဟုတ်တယ်မလား? ငါတို့တွေ ညစာအတူတူသွားစားကြရအောင် စားမယ်မလား?"

လော့ရွှီကချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်ကို ငြင်းနိုင်မှာလား?

သိသိသာသာပင် သူမမငြင်းနိုင်ပေ။ သူမဟာ အလွန်လျင်မြန်စွာ သဘောတူလိုက်သည်။ "ကောင်းပြီလေ!"

"ဒါဆို ဝေ့လန်ရဲ့ဆိုင်ကယ်ပေါ် တက်လိုက်"

"အာ?" လော့ရွှီက ဝေ့လန့်ကိုကြည့်လိုက်ပြီး ဝေ့လန်လည်း သဘောမတူချင်သည့်ပုံပင်။

ဝေ့လန်က အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "မင်းက လော့ရွှီကို တင်သွားလိုက် ငါက ရှင်းတောကို တင်လာလိုက်မယ်။ ဘာပဲဖြစ်ဖြစ် လူနှစ်ယောက်လုံး (ရှင်းတောနဲ့လော့ရွှီ) ငါ့ရဲ့ဆိုင်ကယ်မှာ စီးဖို့ ခက်ခဲလိမ့်မယ်"

ရလာဒ်အနေဖြင့် ရွှီရှင်းတောက စကိတ်ဘုတ်ကို ဘေးပစ်လိုက်ပြီး ထုန်းယန်ထံသို့ ပြောလိုက်သည်။ "နေရာပြော"

"Flange."

ရွှီရှင်းတောက ထုန်းယန်၏ ဆိုင်ကယ်ပေါ်သို့ တိုက်ရိုက်ပင် တက်လိုက်သည်။ မြဲမြံစွာ ထိုင်ပြီးနောက် သူမဟာ သူမ၏helmetကို သေချာဆောင်းလိုက်ပြီး
ဆိုင်ကယ်စက် နှိုးလိုက်သည်။

ထုန်းယန်တစ်ယောက် ချက်ချင်းပင် သူမ၏ဘေးတွင် ရပ်လိုက်ပြီး မေးလိုက်သည်။ "ငါကရော?"

"အရင်တစ်ခေါက်တုန်းက ငါ စကပ်နဲ့ ဆိုင်ကယ်စီးခဲ့တယ်လို့ ငါကြားတယ်?"

ထုန်းယန်တစ်ယောက်ချက်ချင်းပင် ချောင်းဟန့်လိုက်ပြီး "စကပ်ကို တင်းတင်းကျပ်ကျပ် ဖိထားပါတယ်"

"အိုး တကယ်!" ရွှီရှင်းတောတစ်ယောက် စကားဆုံးသွားသည်နှင့် သူမဟာ စက်နိုးပြီး အဝေးသို့ မောင်းထွက်သွား၏။

ရွှီရှင်းတောတစ်ယောက် သူမ၏စိတ်ထဲတွင် တစ်စုံတစ်ရာ ရှိသည့်ပုံပင်။ ရုတ်တရက် သူမဟာ ဆိုင်ကယ်ကို အရှိန်ဖြင့် ကွေ့လ်ိုက်ပြီး ကျန်းလုံထောင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ သို့သော်ငြား ၎င်းက ကျန်းလုံထောင်းရှေ့တည့်တည့်တွင် ရပ်တန့်သွားကာ နောက်ဘီးက လေထဲထောင်သွား၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now