Chapter 46(Unicode&Zawgyi)

1.6K 136 0
                                    


ရှောက်ချင်းဟယ်က ကျန်းလုံထောင်းအား ထူကူဖို့ လျှောက်သွားလိုက်ပြီး တစ်ချိန်တည်းမှာပဲ ပြောလိုက်သည်။ "မင်းဘာလို့ အဲလိုလုပ်ရတာလဲ? အရမ်းရှက်ဖို့ကောင်းတာပဲ"

ကျန်းလုံထောင်းသည် မတ်တပ်ရပ်လိုက်ပြီး သူခေါ်လာခဲ့သည့် မိန်းကလေးများကို တောင်းပန်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျပြီး ဝမ်းနည်းညှိုးငယ်သော အမူအရာတစ်ခု ရှိနေ၏။ သူသည် မုချင်းယီထံသို့ သွားပြီး ပြောလိုက်သည်။ "ငါ့ရဲ့ စိတ်လိုက်မာန်ပါအပြုအမူအတွက် တကယ်တောင်းပန်ပါတယ်"

မုချင်းယီက ကျန်းလုံထောင်၏မျက်လုံးများကို အနည်းငယ်ရွံရှာဟန်ဖြင့်ကြည့်လ်ုက်ပြီးနောက် ဘာမှ ပြန်မပြောချေ။

ကျန်းလုံထောင်သည် သူ၏အဝတ်အစားများကို ခါလိုက်ပြီး အခြားသူများကို လျင်မြန်စွာ ကြည့်ကာ ပြောလိုက်သည်။ "အလောင်းအစားအနေနဲ့မဟုတ်ဘဲ ကျွန်တော် သူမကို တရားဝင်မလိုက်ခင် ကျွန်တော် ရွှီရှင်းတောကို တောင်းပန်ပါ့မယ်"

ဤစကားက ယခုအချိန်တွင် လူတိုင်းကို အံ့အားသင့်စေ၏။

ကျန်းလုံထောင်းက အစ်ကိုရှုန်းကို မြင်လိုက်သည့်အခါ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်သွားကာ ယနေ့ သူ၏အလုပ်ပြီးနိုင်တော့မည်မဟုတ်ကြောင်း သိလိုက်သည်။

သို့သော်ငြား မမျှော်လင့်ထားစွာဖြင့် သူ ဓားဖြင့်ထိုးခံရလုဆဲဆဲအချိန်တွင် ရွှီရှင်းတောက သူ့ကို ကူညီလိုက်သည်။

သူဟာ ရွှီရှင်းတော ထွက်သွားသည့်အခါ သူမ၏နောက်ကျော လှလှလေးကိုကြည့်ပြီး သူ၏နှလုံးသားက ရုတ်တရက် ဗလာကျင်းဖြစ်သွားသလို ခံစားလိုက်ရသည်။

'အိုး ငါသိပြီ'

'ငါက ဘာလို့များ သူမရဲ့ငြင်းပယ်မှုကို အရမ်းကြီး ဂရုစိုက်နေရတာလဲ? ငါ ဘာကြောင့်များ ဒီရက်တွေထဲမှာ အရမ်းပျာယာခတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားနေရတာလဲ? ငါ တကယ်ပဲ မြင်မြင်ချင်း ချစ်မိသွားခဲ့တာလား?'

'အဲဒီအချိန်မှာ ငါ့ရဲ့မျက်လုံးတွေက သူမဆီမှာပဲ အမြဲရှိနေပြီး ခက်ခက်ခဲ ခဲအကြည့်လွဲပစ်ရတယ်။ နောက်ပိုင်းကျတော့ ငါက သူမဆီကနေ ထပ်ခါထပ်ခါ အငြင်းခံခဲ့ရပြီး ငါရဲ့မချင့်မရဲဖြစ်မှုနဲ့ ဝမ်းနည်းမှုက နောက်ဆုံးမှာ ဒေါသအဖြစ်ပြောင်းလဲသွားခဲ့တယ်'

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now