Chapter 42(Unicode&Zawgyi)

1.6K 128 1
                                    


"အိုး ဒါက ကျန်းလုံထောင်းမဟုတ်ဘူးလား? ဒီတစ်လော မင်းဘာကြောင့် အစ်ကိုရှုန်းကို လာမနှုတ်တာလဲ?" ဆံပင်နီဖြင့်ကောင်လေးက ကျန်းလုံထောင်းကို နှုတ်ဆက်ရန် လက်ဦးမှုယူလိုက်သည်။

သူ့ကိုမြင်ပြီးနောက် ကျန်းလုံထောင်း၏အမူအရာက ပြောင်းလဲသွား၏။

ဤပုဂ္ဂိုလ်က အနီးအနားက KTV ဆိုင်ကို ဦးစီးနေသည့် နယ်မြေအကြီးအကဲသူဌေးဖြစ်သော်လည်း သူနှင့်အတူ လူငယ်များစွာရှိနေ၏။ ကျန်းလုံထောင်းက အကြောင်းပြချက်တချို့ကြောင့် ဤလူအား အကူအညီ တောင်းရသော်လည်း ယခုအချိန်တွင် သူက သူနှင့်ပတ်သတ်နေရသည်။ ၎င်းက အတော်လေး စိတ်သောကရောက်စရာပင်။

"အစ်ကိုရှုန်း" ကျန်းလုံထောင်းတစ်ယောက် နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ မင်းတို့ဒီမှာ ဘာလုပ်နေတာလဲ?" အစ်ကိုရှုန်းမေးလိုက်သည့်အခါ သူ၏မျက်လုံးများက ရွှီရှင်းတောအား ဖျတ်ခနဲတစ်ချက် ကြည့်လိုက်၏။

"ဘာမှထွေထွေးမဟုတ်ပါဘူး"

"မင်းက ငါ့ကို မောင်းထုတ်ဖို့ ကြိုးစားနေတာပဲကွ" အစ်ကိုရှုန်းက ကျန်းလုံထောင်းဆီသွားကာ ပြောလိုက်သည်။ "ငါအရင်တစ်ခေါက်က ငွေစာရင်းမတွက်ရသေးဘူး ဟုတ်တယ်မလား? ငါက အရူးတစ်ယောက်လ်ို့ မင်းထင်နေတာလား?"

ကျွန်တော့် နောက်တစ်ခါကျရင် အစ်ကို့ဆီ လာပြီး ရှင်းပြလို့ရမလား?"

အစ်ကိုရှုန်းက နားမထောင်ပေ။ "အဲဒါ မင်းအရင်တစ်ခေါက်တုန်းက ပြောခဲ့တဲ့စကားပဲ။ ငါ သုံးလတောင်စောင့်နေခဲ့တာကွ!"

ဤစကားကို ပြောပြီးနောက် သူဟာ ကျန်းလုံထောင်းထံ လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။

ကျန်းလုံထောင်းဘေးရှိ မိန်းကလေးက ရန်ပွဲကို ရပ်တန့်ချင်သော်လည်း သူမဟာ အစ်ကိုရှုန်းဘေးနားရှိ လူများကြောင့် ကြောက်ရွံ့နေ၏။

ရွှီရှင်းတောက ရှိုးပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ ပြုမူနေ၏။ သူမဟာ ဘေးဖက်ကို လျှောက်သွားပြီး လော့ရွှီရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူမဟာ ကျန်းလုံထောင်းရိုက်ခံနေရသည်ကို ထိုနေရာတွင် ရပ်ကြည့်နေ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now