Chapter 50(Unicode&Zawgyi)

1.6K 133 0
                                    

[Unicode]
 ယနေ့တွင် သူမဟာ သူမ၏ခန့်မှန်းချက်ကို နောက်ဆုံးတော့ အတည်ပြုလိုက်ပြီဖြစ်သည်။ သူမဟာ ၄ကို ယခင်က ခန့်မှန်းထားပြီးသားဖြစ်သော်လည်း ဤအကြောင်းကို ရွှီရှင်းတောထံသို့ ထုတ်မပြောခဲ့ပေ။

 ထုန်းယန်က သူမဆီ အလည်လာဖို့ လက်ဦးမှုယူလိုက်သည်က်ို ကြည့်ပြီး သူမဟာ ဤက်ိစ္စကို ထုတ်ပြောချင်နေ၏။

 ထုန်းယန်က သူ၏နဖူးပေါ်ရှိ ချွေးကို သုတ်လိုက်သည်။ သူဟာ အဖွားရွှီနှင့် ရင်းနှီးပြီး သူအဲဒီအကြောင်းကို ထပ်ပြီးဖုံးကွယ်လို့ မရတော့ဘူးဆိုတာကို သ်ိလေသည်။

 ထို့ကြောင့် သူဟာ ခေါင်းညိတ်ပြီး ပြန်ဖြေလ်ိုက်သည်။ "ဟုတ်ပါတယ် ရွှီရှင်းတောနဲ့ ကျွန်တော်က ကျွန်တော်တို့အသက်ခုနစ်နှစ်အရွယ်ကတည်းက ဒီအခြေအနေထဲ ရောက်နေခဲ့တာပါ"

 "မင်းမှာ ကျန်းမာရေးပြဿနာတွေဘာတွေများ ရှိလား?"

"မရှိပါဘူး ကျွန်တော့်မှာ မရှိပါဘူးဗျ"

"ကောင်းတယ်"

 ထုန်းယန်က အဖွားရွှီကိုကြည့်ပြီး သူ့ထံတွင် ရုတ်တရက် တစ်စုံတစ်ရာက ဖြစ်ပေါ်လာ၏။ သူဟာ အဖွားရွှီကို ရေတစ်ခွက်ငှဲ့ကူဖို့ လျင်မြန်စွာ ထရပ်လိုက်ပြီး အဖွားရွှီထံသို့ ၄ကို ယူပေးလိုက်ပြီးနောက် တစ်ဖန် ပြန်ထိုင်လိုက်သည်။

 ထုန်းယန်က ထိုအကြောင်းကို တွေးတောလိုက်ပြီး အဖွားရွှီကို မေးလိုက်သည်။ "အဖွားဒီမှာနေရတာ နေသားကျရဲ့လား?"

 "အဆင်ပြေတယ်။ အားလုံးက အတော်လေးကောင်းတယ်" အဖွားရွှီက ရေတစ်ငုံသောက်ပြီး ပြောလိုက်သည်။ "အဲဒီမှာ ဘာတြွေဖစ်နေတာလဲ၊ တောတော တစ်ခုခု ဖြစ်လို့လား?"

 "အဲဒီမုမိသားစုက သူတို့ရဲ့ဦးနှောက်ထဲမှာ အပေါက်ကြီးရှိနေတာ။ သူတို့က တောတောကို မွေးစားသမီးတစ်ယောက်အဖြစ်တောင် အတိအလင်းကြော်ငြာလိုက်သေးတယ်။ သူတို့က သူတ်ို့ရဲ့သမီးအရင်းအပေါ် အမှားလုပ်ခဲ့တာပဲ!"

"အဲဒါရဲ့နောက်ကွယ်က အကြောင်းအရင်းက မုချင်းယောင်နဲ့ ရှန်းမိသားစုရဲ့ စေ့စပ်ပွဲကြောင့်လို့ အဖွားလည်း တောတောဆီက ကြားခဲ့တယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now