Chapter 154(Unicode&Zawgyi)

536 55 2
                                    



သူဟာ ထုန်းယန်၏ ပြိုင်စံရှား ဆွဲဆောင်မှုများနှင့်
နှိုင်းယှဉ်လို့မရပေ။ သို့သော်ငြား သူဟာ သေချာပေါက် သာမန်လူများအကြားတွင် အတော်လေး ကြည့်ကောင်းလေသည်။ ထပ်မံ၍ ကုကျွယ်က အတော်လေး ဓာတ်ပုံစားကာ  ပုံတချို့ကို နည်းနည်းပါးပါး ပြုပြုမွမ်းမံလိုက်ရုံဖြင့်
လူမှုကွန်ယက်ဝက်ဆိုဒ်ဘ်များပေါ်တွင် သူ၏ ပုံများက အတော်လေး ချောမောခန့်ညားလေသည်။

ကျောင်းက ချောမောသော်ငြား မရရှိနိုင်သည့် ​​ေကာင်လေးများနှင့် နှိုင်းယှဉ်လျှင် ကုကျွယ်က သေချာပေါက် ကောင်မလေးများ ရနိုင်သည့် အကောင်းဆုံး ရွေးချယ်စရာများထဲမှ တစ်ခု ဖြစ်သည်။

လော့ရွှီက ရွှီရှင်းတောနှင့် ကုကျွယ်၏ နောက်ခံအကြောင်း စတင်အတင်းတုပ်တော့သည်။ "ကုကျွယ်ရဲ့ မိသားစုက အလယ်အလတ်အဆင့်ဆင်းရဲတယ်။ စာလေ့လာတဲ့နေရာမှာ ထူးချွန်တဲ့အတွက် သူက ဒုံးပျံအတန်းကို ဝင်ခွင့်ရပေမဲ့
ဒုံးပျံအတန်းမှာ သူ့ရဲ့အဆင့်တွေက အလယ်အလတ် ဝန်းကျင်လောက်ပါပဲ"

ရွှီရှင်းတောတစ်ယောက် နာမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။ "အလယ်အလတ်အဆင့် ဆင်းရဲတယ်ဆိုတာက ဘာလဲ?"

"တကယ်လို့ နင်တွက်ကြည့်လို့မှ မိသားစုတစ်စုမှာ မိဘနှစ်ယောက်လုံးရဲ့ နှစ်စဉ်ဝင်ငွေစုစုပေါင်းက ယွမ်၂သိန်းဝန်းကျင်ပဲ ရှိမယ်ဆိုရင် သာမန်ကျောင်းမှာက အလယ်အလတ်အဆင့်ပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကျောင်းမှာဆိုရင်တော့ ဆင်းရဲတဲ့မိသားစုလို့ ပြောလို့ရတယ်။
ပြောရရင်တော့ သူက ပြောင်မြောက်တဲ့ ပညာရေးလုပ်ဆောင်ချက်နဲ့ ဆင်းရဲတဲ့ ကျောင်းသားပေါ့"

ရွှီရှင်းတောဟာ ကျေးလက်ဒေသမှာရှိတဲ့ သူမရဲ့ မိသားစုကျ ဘယ်လိုသတ်မှတ်ရမှာလဲ....
သူတောင်းစားလို့ပဲ ပြောရမှာလား?

လော့ရွှီက ဆက်ပြောလေသည်။ "သူက ဂျူနီယာအထက်တန်းမတက်ခင်က အတော်လေး သာမန်ပဲ ဒါပေမဲ့ ငါတို့ကျောင်းကို ရောက်လာတဲ့အချိန်ကျ သေချာပေါက် လူတိုင်းရဲ့ ငွေရေးကြေးရေးအခြေအနေကို သတိထားမိပြီး ခါးသက်သလို ခံစားခဲ့ရမှာပဲလေ။ သူက သူတို့လို ကြွယ်ဝချမ်းသာမှုနဲ့ ဂုဏ်ပုဒ်တွေကို လိုချင်လာတယ်လေ ပြီးတော့ ချမ်းသာကြွယ်ဝမှုတွေကို လိုချင်တပ်မက်တဲ့သူလေ။ သူက သူ့ရဲ့ ရုပ်ရည်ကို သုံးပြီး ကောင်းမွန်တဲ့ မိသားစုက လူတွေနဲ့ ဆက်ဆံဖို့ အတုအယောင် ရိုးသားမှုတွေပြသတာပေါ့။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now