Chapter 25(Unicode&Zawgyi)

1.7K 146 1
                                    


ဒီလူတွေ ဘာဖြစ်နေလဲဆိုတာ ထုန်းယန်တစ်ယောက် စင်စစ် မသိပေ။

သူ၏ညီအစ်ကိုကောင်းဝေ့လန်က ကြည့်ကောင်းသည့်ရုပ်ရည်၏အရေးပါမှုအပေါ် အလွန်အမင်း စွဲလမ်းသည့်သူဖြစ်ကာ သူ၏ကောင်မလေးအများစုသည် သာမန်ညောင်ညမဟုတ်ကြပေ။ ဝေ့လန်သည် ဆန်ကုန်မြေလေတစ်ကောင်ဖြစ်ကြောင်း ရှင်းလင်းသော်လည်း သူတို့သည် သူ၏ကြည့်ကောင်းသော ရုပ်ရည်ကြောင့် သူ၏ကောင်မလေး ဖြစ်လာဆဲပင်။

အဲဒါက ကြည့်ကောင်းတဲ့ ရုပ်ရည်တစ်ခုတည်းကြောင့်ပဲလား?

မဟုတ်ဘူး။ အဲဒါက အဆင့်အတန်းပေါ် မူတည်တာပဲ။

သူ၏မိဘများသည် တစ်ယောက်ကိုတစ်ယောက် မချစ်ကြပေ။ သူ၏မိခင်သည် သူ့အဖေ၏ ပိုက်ဆံနှင့်ချမ်းသာသည့်လူတစ်ယောက်ဆိုသည့် ဂုဏ်အဆင့်အတန်းကို သဘောကျခြင်းဖြစ်သည်။ သူ၏ဖခင်သည် သူ့အမေ၏ အလှနှင့် ရုပ်ရှင်ဘုရင်မဆိုသည့် ဂုဏ်ပုဒ်ကို သဘောကျခြင်းဖြစ်သည်။
သူတို့နှစ်ဦးသည် အပေါ်ယံသာ အတူတကွ ရှိကြသည်။
သူတို့ဟာ မကွာရှင်းကြသော်လည်း သူစိမ်းများကဲ့သို့ပင်။

ခံစားချက်တွေက အပေါ်ယံရုပ်ရည်တွေနဲ့ပဲ သက်ဆိုင်တာလား?

မဟုတ်ဘူး။ သူတို့က အဲလိုမဟုတ်ဘူး။

တစ်စုံတစ်ယောက်ဟာ ပြင်ပရုပ်ရည်သွင်ပြင်ကြောင့် တစ်ယောက်ယောက်အတွက် တစ်စုံတစ်ရာကို ခံစားရလျှင်တောင် အဲဒါက ခံစားချက်မဟုတ်ပေ။
၎င်းသည် တပ်မက်ခြင်း....လို့ခေါ်သည့် လိုအင်ဆန္ဒတစ်ခုသာ ဖြစ်သည်။

ထုန်းယန်သည် သူ၏ခေါင်းကို ငုံ့ကာ တစ်ခဏမျှ တိတ်ဆိတ်စွာ လမ်းလျှောက်နေ၏။ ထို့နောက်သူသည် ရေကန်ဆီသို့ လျှောက်သွားကာ မှင်တက်မှုဖြင့် ရေကန်ကို ကြည့်နေ၏။

ကျန်းလုံထောင်းသည် သူ့ကိုကြည့်ကာ သူ့အား ထိတွေ့ချင်လာ၏။ သူဟာ ထပ်ရိုက်ခံရမည်ကို ကြောက်ရွံသည့်အတွက် ရပ်တန့်လိုက်သည်။

ထုန်းယန်သည် ကျောက်သား လူသွားလမ်းတွင် ရပ်ကာ ကျန်းလုံထောင်းကို သူ၏လက်ချောင်းဖြင့် မျှားခေါ်လိုက်ပြီး ကျန်းလုံထောင်းဟာ ချက်ချင်းပင် လျှောက်လာ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now