Chapter 17(Unicode&Zawgyi)

1.7K 143 0
                                    



အခုချိန်ထိ နား‌ထောင်နေသောလော့ရွှီက ရုတ်တရက်ပြောလိုက်သည် " တစ်ဖက်သတ်မလုပ်နဲ့၊
နင်မအောင်မြင်ရင် နင် ရွှီရှင်းတောကို
တစ်ခုခုပို့ပေးသင့်တယ် "

ပြီးနောက် ရှောက်ချင်းဟယ်ကပြောသည်။
" ကောင်းတယ် အဲ့ဒီအတွက် နောက်ဆုံးရက်ကိုလည်း မင်းထည့်ရမယ်"

ဒီနှစ်ယောက်က ဘယ်သူ့ဘက်မှာ ရှိနေမှန်း
အခြားသူတွေလည်း နားမလည်နိုင်ပေ။

ကျန်းလုံထောင်း သည် စိတ်ဆိုးလာသဖြင့်
ကြေငြာလိုက်သည်။ " အကယ်၍ ငါမအောင်မြင်ရင်
ငါသူမကို သုံးလလောက် Hermèsအိတ်တွေပို့ပေးမယ်"

ရွှီရှင်းတောသည် သူမ၏အတန်းပြီးနောက် အိမ်သို့
ပြန်လာသည်။ ထုန်းယန်သည် သူမကို ဗီဒီယိုကောလ်
ခေါ်လိုက်ချိန် သူမက ဝတ္ထုတစ်ပုဒ်စဖတ်တော့မလို့ပင် ။ ဖုန်းကိုင်ပြီးနောက် သူမသည်
လက်ကိုင်ဖုန်းကို ဖုန်းခွက်ပေါ်တွင်ထားလိုက်သည်။

ထုန်းယန်က သူ့ဆံပင်တွေကို သုတ်ရင်း သူမကို နှုတ်ဆက်လိုက်သည်။သူသည် မျက်နှာသုတ်ပုဝါကို
ဖယ်ရှားလိုက်ပြီး ရွှီရှင်းတောကိုကြည့်ကာ
ပျင်းရိစွာဖြင့်" မင်းအနိုင်ကျင့်ခံနေရတာလား "ဟု
မေးလိုက်သည်။

" ငါ သူတို့တွေကို ဂရုစိုက်ဖို့
ပျင်းလွန်းတယ် "

ထုန်းယန်က ပြုံးလိုက်သည်။ ဗီဒီယိုကောလ်ထဲတွင် မည်သည့် filter မှ မသုံးထားသော်လည်း သူသည် မဂ္ဂဇင်းမျက်နှာဖုံးပေါ်က မော်ဒယ်တစ်ယောက်နှင့်
တူသည်။

ထို့နောက် ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ပြောလိုက်သည်။"မင်းကြောင့် ငါကပြိုင်ပွဲကို ဝင်ပြိုင်ရတော့မယ် ၊ မဟုတ်ရင်ကျောင်းမှာ မင်းနဲ့အတူ အဖော်ပြုပေးနေရမှာကို"

ရွှီရှင်းတောက အေးတိအေးစက်နှင့် ပြန်ဖြေသည်။
" ငါက ငါတို့နိုင်ငံကို ဂုဏ်တတ်စေချင်တယ်"

ထုန်းယန်က သက်ပြင်းချလိုက်သည်။ အစကတော့
သူသည် သူ့ကိုစန္ဒယားသင်ခန်းစာတွေသင်ပေးဖို့
သူမကို တောင်းဆိုခဲ့သည်။ရလဒ်တစ်ခုအနေနဲ့
ဤအဒေါ်သည် သူ့ခန္ဓာကိုယ်နှင့်နိုင်ငံခြားသို့သွားပြီး စန္ဒယားပြိုင်ပွဲများတွင် ပါဝင်ခဲ့သည်။

ဖြစ်ချင်တော့ အာရှစန္ဒယားပြိုင်ပွဲအတောအတွင်းမှာ
သူက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now