Chapter 140(Unicode&Zawgyi)

748 56 0
                                    



"မင်း ပြုစုစောင့်ရှောက်ပေးတာမျိုး မရှိတာတောင် မင်းရဲ့သမီးက အရမ်းထူးချွန်နေတယ်ဆိုတာ ရုတ်တရက် သိလိုက်ရပြီ။ အနာဂတ်မှာတကယ်လို့ မင်း သူမရဲ့အနားမှာ မရှိရင်တောင် သူမက ကောင်းမွန်တဲ့ဘဝကို ရမှာပဲ။ မင်း မချင့်မရဲ မဖြစ်မိဘူးလား?"

အဖေမုက သူ့အနားက လူများကို ထိန်းချုပ်ရတာကို နှစ်သက်လေသည်။ အထူးသဖြင့် အမေမုကိုပင်။

ရွှီရှင်းတောသည် မုဗီလာကို ရောက်လာသည့်အချိန်တုန်းက သူမဟာ သူ့ရဲ့ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်ထွက်နေသလို ခံစားရသည့်အတွက် သူဟာ သူမရဲ့စိတ်ကို ချိုးနှိမ်ပစ်ချင်၏။

သူသည် သူမလုပ်သမျှ အရာအားလုံးသာမက ကိစ္စသေးသေးလေးပါမချန် အပြစ်တင်လေသည်။ သူသည် သူမ၏ အတိတ်တုန်းက ဘဝကို အသရေဖျက်ကာ သိမ်ငယ်စေချင်ပြီး မုမိသားစုနှင့် အတူနေရသည့်ဘဝက ပိုကောင်းသလို ခံစားရစေချင်တာ ဖြစ်သည်။

သို့သော်ငြား ရွှီရှင်းတောက လုံးဝဂရုမစိုက်ဘဲ မုဗီလာမှ ထွက်သွား၏။ ထိုအချိန်တွင် ရွှီရှင်းတော ထွက်သွားပြီးနောက် အများကြီးခံစားရလိမ့်မည်ဟု ခံစားရသည်။ နောက်ဆုံး သူမဟာ ဘဝရဲ့ခက်ခဲမှုတွေကို မတောင့်ခံနိုင်သည့်အချိန်
သူမကို တစ်ခါ ပြန်ခေါ်ဖို့ သူတို့ကိုပြန်လာတောင်းပန်လိမ့်မည်ဟု ခံစားခဲ့ရသည်။

ထိုအချိန်တွင် ရွှီရှင်းတောသည် သူမ၏ ဂုဏ်အဆင့်အတန်းမမျှတမှုနှင့်ပတ်သက်၍ ထပ်ပြီး
ပြဿနာရှာနိုင်လိမ့်မည် မဟုတ်ကာ သူမ၏ မျိုးရိုးနာမည်ကိုလည်း နာနာခံခံ ပြောင်းလဲလိမ့်မည် ဖြစ်သည်။

သူပြုစုပျိုးထောင်ထားသည့်ကလေးများက ဘယ်လောက်တောင် ထူးချွန်ထက်မြက်လဲဆိုတာကို မပြသခင် သူဟာ ရွှီရှင်းတောအား ခါးသက်မှုအချို့ကို မြည်းစမ်းစေချင်ကာ သူမရဲ့ မိဘရင်းတွေနားနေရတာ ဘယ်လောက်ကောင်းလဲတာ သိသွားလိမ့်မည် ဖြစ်သည်။

သူဟာလည်း ရွှီရှင်းတောက်ို ဂရုစိုက်ချင်လေသည်။ အားလုံးထက် သူတို့ကြားတွင် အချစ်နှင့် သံယောဇဉ် မရှိလျှင်တောင် သူတို့ဟာ သွေးသား ဆက်နွယ်မှုရှိနေဆဲဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now