Chapter 145(Unicode&Zawgyi)

461 31 0
                                    



"အိုး....အမေက သူမရဲ့နာမည်ကို သိတယ်ပေါ့?"
ဒီနှစ်တွေထဲမှာ သူ၏ အမေက သူ့အား မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း
ထုန်းယန်တစ်ယောက် သိရှိထား၏။

ကျောင်းဖိုရမ်ပေါ်တွင် ထုန်းယန်နှင့်ပတ်သက်သည့် ပ်ို့စ်များမရှိရသည့်အကြောင်းအရင်းမှာ ထုန်းယန်က နိုင်လိုမင်းထက်ပြုထားသည့်အတွက်ကြောင့်မဟုတ်ပေ။ ဤအရာအားလုံးက ထုန်းမိသားစုအား ကျေးဇူးတင်သင့်ပေသည်။ တခြားတစ်ဖက်တွင် ယင်းဟွာက
အနုပညာလောကက လူတစ်ယောက် ဖြစ်နေသည့်အတွက်ကြောင့်ပင်။

နာမည်ကြီးကြယ်ပွင့်စတားတစ်ယောက်အနေနှင့်
သတင်းသမားများက သူ့အကြောင်းနှင့် ပတ်သက်ပြီး သတင်းများကို အမြဲတမ်းရှာဖွေနေလိမ့်မည် ဖြစ်သည်။ သူ ၁၀နှစ်အရွယ်တုန်းက အင်တာနက်ပေါ်တွင် သူ၏ တက်တူးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံရသည်။ ထိုအချိန်တွင် ယင်းဟွာ၏ အဖွဲ့က မီးစကို ငြိမ်းသက်ရန် ထိရှဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်က်ို ဖန်တီးခဲ့ရသည်။

ထို့အပြင် သူဟာ ထုန်းမိသားစု စီးပွားရေး၏ ဆက်ဆံသူဖြစ်သည့်အတွက် မိသားစုက သူအပေါ် မည့်သည့်အရာမှ အစွန်းထင်းမခံပေ။

သူမက ရွှီရှင်းတောအကြောင်း သိနေသည့်အတွက် ထုန်းယန်က မအံ့ဩပေ။ ရွှီရှင်းတော၏ မိသားစုနောက်ခံကိုပါ စုံစမ်းထားပြီးပြီဖြစ်ကြောင်း သိလိုက်ပြီ ဖြစ်သည်။ သူသည် သူမနှင့်အတူ ဆေးရုံသွားသည့်သတင်းကို သူ၏ အမေက ရထားပြီးသားဖြစ်သည်။

သူသည် ထုန်းမိသားစု၏ ဆက်ခံသူဖြစ်သည်။ သူ၏ အနာဂတ်ဇနီးလောင်းအဖြစ် အကောင်းဆုံးရွေးချယ်မှုမှာ လူမှုအဆင့်အတန်းချင်း ကိုက်ညီသည့်သူပင် ဖြစ်သည်။ မဟုတ်ပါက သူမဟာ ရင်သပ်ရှုမောဖွယ် ချောမောလှပြီး တိကျသေချာသော နာမည်ဂုဏ်သတင်းရှိကာ မဒမ်ယင်းဟွာလို လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်မည့်သူ ဖြစ်ရမည်။
ရွှီရှင်းတောက ထိုနေရာအတွက် မသင့်တော်ပေ။

မုမိသားစု၏ "သမီးအရင်း"တောင်  အငြင်းပယ်ခံရမည် ဖြစ်သည်။ ထုန်းမိသားစုအတွက်ဆိုလျှင် မုမိသားစုက လူအများကြားတွင် သူတို့ကြားကဆက်ဆံရေးကို ချပြရန် အလွန်သိမ်နုတ်လှသည့် မိသားစုလေးအဖြစ်သာ မှတ်ယူနိုင်လေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now