Chapter 96(Unicode&Zawgyi)

1.2K 112 3
                                    


ဤအခိုက်အတန့်တွင် မုချင်းယောင်က ရှန်းကျုဟန်ဘေးတွင် ရပ်နေပြီး သူတို့နှစ်ဦးဟာ လက်များဆုပ်ကိုင်ထားကြ၏။ မုချင်းယောင်၏ ကဖော်ကဖက် ပါတနာက ရှန်းကျုဟန် ဖြစ်ရမည်ဖြစ်ကြောင်း လူတိုင်းကသိလေသည်။

ရှန်းကျုဟန်က ယခင်က ကိစ္စများကြောင့် လတ်တလော ထုန်းယန်နှင့်အခြားသူများထံမှ ခပ်ကင်းကင်းနေနေခဲ့တာဖြစ်သည်။ သူဟာ ထုန်းယန်း၏အသံကို ကြားသည့်အခါ သူတို့နှစ်ယောက်ကို အတူတူပေးကခွင့်ပြုသင့်သလားဆိုတာကို အကြပ်ရိုက်နေသည့်ပုံပေါက်နေ၏။

မမျှော်လင့်ထားသကဲ့သို့ ထုန်းယန်ဟာ ရွှီရှင်းတောထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၏။သူဟာ ခန့်ညားထည်ဝါသော အပြုအမူကောင်းများနှင့် ပြည့်နှက်နေသည့် လူငယ်လေးတစ်ယောက် ဖြစ်လေသည်။သူ၏ခြေလှမ်းများက မြန်လည်းမမြန်သလို နှေးလည်းမနှေးပေ။ထို့နောက်သူဟာ ရွှီရှင်းတောက်ိုဖိတ်ခေါ်ရန် သူ၏ဘယ်ဖက်လက်ကို ဆန့်ထုတ်လိုက်သည်။

ရွှီရှင်းတောသည် ဖိတ်ခေါ်မှုအား အံ့အားသင့်နေသည့်ပုံမပေါက်ပေ။ သူမဟာ ထုန်းယန်၏လက်ထိပ်ဖျားတွင် သူမ၏လက်ကို တင်ရန်ဆန့်ထုတ်လိုက်ပြီးနောက် ကမည့်နေရာသို့
ဖြည်းညင်းစွာ လျှောက်သွား၏။

မုချင်းယောင်တစ်ယောက် ဤမြင်ကွင်းကို မြင်သည့်အခါ သူမ၏ခန္တာကိုယ်က တုန်ယင်သွား၏။
အကယ်၍ ရှန်းကျုဟန်သာ သူမကို ထိန်းမထားပေးလျှင် သူမဟာ ကြမ်းပြင်ပေါ်ကို လဲကျသွားလိမ့်မည် ဖြစ်သည်။

အကက ယခုအချိန်ထိ မစသေးပေ။ အဖွင့်အကကို မုချင်းယောင်နှင့် ရှန်းကျုဟန်တို့မှ ကရန် စီစဉ်ထားခဲ့တာဖြစ်သည်။ အားလုံးထက် မုချင်းယီက အခြားသူများနှင့် ကခဲသောကြောင့်ပင်။

သို့သော်ငြား ရွှီရှင်းတောအား ကမည့်နေရာသို့ဦးဆောင်ခေါ်သွားသည့်သူမှာ ထုန်းယန် ဖြစ်နေပြီး အရင်ဆုံး သူတို့ဟာ လူတိုင်း၏ ရှေ့မှောက်တွင်တည်တည်ငြိမ်ငြိမ် ကနေကြတာဖြစ်သည်။သူတို့နှစ်ဦးဟာ မနက်အစောပိုင်းတုန်းက တစ်ကြိမ်လေ့ကျင့်ထားခဲ့သည့်အတွက် အတူတကွ ကောင်းကောင်းမွန်မွန် ပူပေါင်းနိုင်တာဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now