Chapter 66(Unicode&Zawgyi)

1.4K 106 1
                                    


သူမဟာ သူမရဲ့နောက်ထပ်ဝတ်စုံကို ရွေးချယ်နေစဉ် မုချင်းယီက ရွှီရှင်းတောကို ဖြတ်လျှောက်သွားသည်။အစေခံနှင့် မွေးနေ့ပါတီ၏ မီနူးလ်ကို ဆွေးနွေးရန် သွားလိုက်သည့်ပုံပင်။

ငါးမိနစ်ကျော်သွားပြီးနောက် မုချင်းယီတစ်ယောက် တစ်ဖန်လျှောက်လာပြီး အစေခံတစ်ယောက်ကို တားလိုက်သည်။

ရွှီရှင်းတောတစ်ယောက် ထိုအကြောင်းကို တွေးတောပြီးနောက် ညှိနှိုင်းလိုက်ကာ မုချင်းယီကို တားလိုက်သည်။ "အစ်ကို"

မုချင်းယီတစ်ယောက် ချက်ချင်း ရပ်သွားကာ
သူ၏ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးကို ဖြေလျော့ကာ ရွှီရှင်းတောကို ကြည့်လာသည်။

ရွှီရှင်းတောတစ်ယောက် ကတ်တလောက်ကို ကိုင်ကာ သူမရွေးချယ်ထားသည့် ဝတ်စုံအား သူ့ကို ပြလိုက်သည်: "ဒီပုခုံးတစ်ဖက် အဖြူရောင်ဂါဝန်ကို နင်ဘယ်လိုထင်လဲ?"

မုချင်းယီဟာ 'အင်တင်တင်ဖြင့်' ရောက်လာပြီး ကတ်တလောက်ကို တစ်ချက်ငုံ့ကြည့်လိုက်သည်။
ဒီဂါဝန်က ရွှီရှင်းတောနှင့် အလွန် သင့်လျော်ကြောင်းကို တွေ့လိုက်ရသည်။ အားလုံးထက် သူမက အရပ်ရှည်ပြီး ကောင်းမွန်သည့် ခန္ဓာယ်ကိုယ်အချိုးအစား ရှိလေသည်။

"မဆိုးပါဘူး"

ရွှီရှင်းတောက စာရွက်အသစ်ကို လှန်ပြီး မုချင်းယီကို ပြလိုက်သည်: "ငါ ဒီတစ်စုံကိုလည်း ရွေးထားတယ်။ ဒါက အမည်းရောင်စကပ်နဲ့......"

ရှင်းပြပြီးနောက် မုချင်းယီတစ်ယောက် သက်သာရာရသွားသည်ကို သူမရှင်းရှင်းလင်းလင်း တွေ့လိုက်ရကာ သူပြောလာ၏။ "အတော်လေးကောင်းတယ်"

"ဒါဆိုရင် စုစုပေါင်း ခြောက်စုံပေါ့။ အဲဒါအဆင်ပြေရဲ့လား?"

"ကိစ္စမရှိဘူး"

"အဲဒါပဲ"

မုချင်းယီတစ်ယောက် ခေါင်းညိတ်ကာ ထွက်သွား၏။

တကယ်တမ်းတော့ ရွှီရှင်းတောက ကျေးလက်ဒေသမှ လာကာ သူမတွင် အဝတ်အစားများအတွက် ညံ့ဖျင်းသည့် အမြင်ရှိေနမည်ကို မုချင်းယီတစ်ယောက် စိုးရိမ်ခဲ့တာ ဖြစ်သည်။ သူမဟာ ပုံမှန်မဟုတ်သည့် ဒီဇိုင်းများကို ရွေးချယ်ပြီး မွေးနေ့ပွဲ၌ သူမကိုယ်သူမ အရူးလုပ်ခြင်းဖြင့် အဆုံးသတ်သွားနိုင်၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now