Chapter 99(Unicode&Zawgyi)

1.1K 100 0
                                    

ရွှီရှင်းတောဟာ ကိုကိုးကိုမြင်သည့်အခါ ကိုကိုးဟာ သူမအား မှတ်မိမလားဆိုတာကို မသေချာသည့်အတွက် သူမဟာ ကိုကိုးအား အမိန့်နည်းနည်းပေးရန် ဆုံးဖြတ်လိုက်သည်။ ရွှီရှင်းတောက အမိန့်ပေးပြီးနောက် ကိုကိုးကအားလုံးကို နာခံလေသည်။ ကိုကိုး၏ ကောင်းကောင်းမွန်မွန်ပြုမူနေသည့် ပုံစံကိုကြည့်ပြီး ဤကောင်လေးက သူမကိုသိသေးကြောင်း သေချာသွား၏။

လော့ရွှီက ကိုကိုးကို အနည်းငယ်ကြောက်ရွံ့နေပြီး သူမဟာ တစ်ခုခု ဖြစ်လာခဲ့လျှင် အလွယ်တကူ ပြေးနိုင်သည့် လှေကားတောင့်နားမှာ ရပ်နေ၏။

ရွှီရှင်းတောဟာ လျှောက်သွားပြီး ကိုကိုး၏ကျောကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "တကယ်တမ်းကျ ကိုကိုးကနင့်ကို တိုက်ခိုက်ချင်ရင်နင် အဲဒီနားမှာရပ်နေရင်တောင်အသုံးမဝင်ဘူး"

ထိုစကားကိုပြောပြီးတောက် သူမဟာ ကိုကိုး၏ခေါင်းကို ပုတ်ပြီးပြောလိုက်သည်။ "အစ်မကြီးကို မင်းရဲ့ ခက်ထန်တဲ့ပုံစံ ပြလိုက်"

ကိုကိုးဟာ ထိုစကားကို ကြားသည့်အခါ ပါးစပ်ကို ဖြဲလျက် ရက်စက်ကြမ်းကြုတ်စွာ ဟောင်နေ၏။
အလွန်ကြမ်းတမ်းလှသည့်အတွက် လော့ရွှီတစ်ယောက် သူမ၏ လိပ်ပြာလွင့်တော့မတတ်
ခံစားနေရ၏။
ရွှီရှင်းတောတစ်ယောက် ထပ်မံအမိန့်ပေးလိုက်သည်။ "ပြုံး"

သူမ၏ အမိန့်သံဆုံးသွားပြီးနောက် ကိုကိုးဟာ
လော့ရွှီ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည့် အပြုံးတစ်ခုကို စင်စစ်ပြသလာ၏။
"ဒီကောင်က အရမ်းနာခံတာပဲ!"

သူမဟာ အကြောက်တရားအနည်းငယ် လျော့သွားသလို ခံစားရသည်။ ရွှီရှင်းတောဟာ ရပ်ပြီး
အံဆွဲဘေးမှ ကိုကိုး၏ မုန့်များကို ထုတ်ယူလိုက်သည်။ သူမဟာ ကိုကိုးရှေ့မှာ မုန့်ကို ဝေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။ "အဖေလို့ခေါ်"

ကိုကိုးဟာ စင်စစ် ဟောက်ပြီး အဖေဟုခေါ်လိုက်သည်။ ဤလှည့်ကွက်က ကျွမ်းကျင်လေ့ကျင့်မှုများမှ တစ်ဆင့်သင်ယူထားခြင်းမဟုတ်သော်ငြား ထုန်းယန်၏ ပျင်းရိမှုကြောင့် ဖြစ်သည်။

လေ့ကျင့်ပြီးနောက် သူဟာ ရွှီရှင်းတောကိုတောင်ကြွားဝါပြီး သူမအား စမ်းကြည့်ဖို့ ပြောလာ၏။ အချိန်ကြာလာပြီးနောက် သူမသည်လည်းကိုကိုးကို ဤကဲ့သို့ စနောက်ခြင်းဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now