Chapter 133(Unicode&Zawgyi)

585 46 0
                                    



"အဲဒီအခန်းကလေထုက မင်းအတွက် မသင့်တော်ဘူး!"
"ဒါပေမဲ့ ငါ့ရဲ့ကျောင်းစရိတ်က ပေးစရာမလိုတော့ဘူးလေ!"

"အဲဒီအခန်းထဲမှာ ငါနင့်ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"
"ငါက နင်ကာကွယ်ပေးတာကို မလိုအပ်ဘူး ဟုတ်ပြီလား! ဘာပဲဖြစ်ဖြစ် ငါကအဲဒီ နိုင်ထက်စီးနင်းလုပ်တတ်တဲ့ ​ဟာလေးတွေရဲ့ ရန်စတာတွေကို
အာရုံစိုက်နေစရာရော လိုလို့လား?"
ထန်းယန်တစ်ယောက် မပျော်တော့ပေ!

သူ၏ ပျိုနီပန်းလေးက ကျောင်းလခကင်းလွတ်ခွင့်ရမည်ဆိုသည့် အကြောင်းအရင်းကြောင့် ဒုံးပျံအတန်းကို စင်စစ်ပြောင်းရွေ့တော့မှာ ဖြစ်သည်။

သူမဟာ ပိုက်ဆံက သူ့ထက် ပိုအရေးကြီးသလို အမြဲတမ်းဆက်ဆံနေသည့်အတွက် သူဟာ ဒေါသထွက်လာ၏။

ကျားဟွာနိုင်ငံတကာကျောင်းတွင် ပုံမှန်အတန်းများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတကာအတန်းက
ကျောင်းစရိတ်ပိုမို များပြားလေသည်။
နိုင်ငံတကာအတန်းကို နိုင်ငံတွင်း ဆရာများထက် လစာပိုပေးရသည့် နိုင်ငံခြားသား ဆရာများက သင်ကြားသည့်အတွက်ကြောင့်ပင်။

မကြာခဏရုပ်ရှင်ပြသခြင်းအပါအဝင် နိုင်ငံခြားသို့ ကျောင်းသားလဲလှယ်မည့် အစီအစဉ်တွင် ပါဝင်နိုင်သည့် အခွင့်အရေးအပြင် အထောက်အပံ့ပစ္စည်းစရိတ်များပါဝင်သည့်အတွက်
ကျောင်းစရိတ်က အတော်လေးကြီးမားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဒုံးပျံအတန်း၏ ထိပ်ဆုံး၁၀ယောက်
ထဲတွင် ပါဝင်ပါက ရရှိသည့် အခွင့်အရေးများက အတော်လေးအံ့အားသင့်စရာကောင်းလေသည်။
မုချင်းယီတစ်ယောက် အစောပိုင်း
ကျောင်းသားလဲလှယ်သည့် ပရိဂရမ်တွင် ပါဝင်ခဲ့သည့်အချိန်တုန်းက နေထိုင် စားသောက်စရိတ်များကို အလုံးစုံ ထောက်ပံ့ပေးခဲ့ကြောင်း အခုမှသာ သတိထားမိလေသည်။
ဘယ်လောက်ကောင်းလိုက်လဲ!

ရှင်းရှင်းလင်းလင်းပင် ကျောင်းစရိတ်လုံးဝကင်းလွတ်ခွင့်ဆိုသည့် မက်လုံးက သူမအား အလွန် ဆွဲဆောင်နေသည်။

ရွှီရှင်းတောသည် ထိပ်ဆုံးအဆင့် ၁၀အတွင်း
ဝင်ပါက ကျောင်းစရိတ်လုံးဝကင်းလွတ်ခွင့်
ရနိုင်သည်ကို ကြားပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့သည့်အတွက် အတန်းချိန်အတွင်း ဆက်တောင်မထိုင်နိုင်တော့သည့်အတွက် ထုန်းယန်က သူမအား ပြန်ဆွဲချထားရလေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now