Chapter 138(Unicode&Zawgyi)

693 45 0
                                    



တင်းနစ်ကွင်းကနေထွက်ပြီးနောက် ရွှီရှင်းတောသည် သူမ၏ဘတ်တံကို ပစ်ချလိုက်သည်။ သူမဟာ အတာအဆီးနောက်တွင်ရပ်နေသည့် ထုန်းယန်ထံလျှောက်သွားလိုက်ပြီး ပြောလိုက်သည်။
"ထုန်းယန် ငါချွေးထွက်နေတယ်"

ထန်းယန်သည် သူမဘာကိုဆိုလိုလဲဆိုတာ ချက်ချင်းနားလည်လိုက်သည်။ သူဟာ သူ့ရဲ့ဂျက်ကတ်ကို ချွတ်လိုက်ပြီး အတားအဆီး၏ ထိပ်ကို ကျော်၍ သူမထံ ပစ်လ်ိုက်သည်။
ရွှီရှင်းတောဟာ ဖမ်းယူလိုက်ပြီးနောက် ကုတ်အင်္ကျီကို မြန်မြန် ဝတ်လိုက်ပြီး ကွင်းထဲကို ပျင်းရိပျင်းတွဲ လျှောက်သွားလိုက်သည်။

ပွဲကြည့်ပရိတ်သတ်အများစုက သူတို့နှစ်ဦးကြားရှိ အပြန်အလှန်ဆက်ဆံမှုကို တွေ့လိုက်ရလေသည်။ ကြည့်ပြီးနောက် မုချင်းယီသည် အကြည့်ခွာလိုက်ပြီး ရှောက်ချင်းဟယ်တစ်ယောက် ပြုံးနေသည်ကို တွေ့လိုက်ရသည်။
ရှောက်ချင်းဟယ်က သေချာပေါက် ဇာတ်လမ်းတစ်ချို့က်ို စိတ်ကူးပုံဖော်ရတာ နှစ်သက်ကြောင်း သိသည့်အတွက် သူဟာ
အကူအညီမဲ့သလို မခံစားရဘဲ မနေနိုင်တော့ချေ။

ပြိုင်ပွဲက တစ်ဦးထွက်စနစ်ဖြင့် ကျင်းပတာ ဖြစ်သည်။ သူမဟာ ယနေ့အတွက် သူမ၏ ပွဲပြီးသွားပြီ ဖြစ်ရာ ပြိုင်ပွဲ၏ နောက်ပွဲစဉ်မစခင်အထိ သူမမှာ လုပ်စရာမရှိပေ။

ပင်ပေါင်ပြိုင်ပွဲက ရက်ပေါင်းများစွာ ကျင်းပနေခဲ့တာ ဖြစ်ပြီး ယနေ့က နောက်ဆုံးပြိုင်ပွဲနေ့ဖြစ်ပြီး
ယနေ့တင်းနစ်ပြိုင်ပွဲလည်း ခြေစစ်ပွဲ ဖြစ်သည်။
ပြိုင်ပွဲနှစ်ခုပေါင်းခြင်းက ရွှီရှင်းတောအား စိတ်ဖိစီး၍ခြေကုန်လက်ပန်းကျစေ၏။

ကံကောင်းစွာဖြင့် သူမ၏ ပြိုင်ဘက်က အလွန်အားနည်းလေသည်။ အနည်းဆုံးတော့ ထိုအတွေးက သူမ၏ အတွေးသာ ဖြစ်သည်။ ရွှီရှင်းတော ပြိုင်ပြီးသွားသည့်နောက် ယင်ရှောက်ရှူသည် သူ၏ ဘတ်တံနှင့်အတူ အတန်းထဲကို ပြန်သွားလိုက်သည်။

ရွှီရှင်းတော၏ ပြိုင်ပွဲပြီးသွားသည့်အခါ မုချင်းယီနှင့် ရှောက်ချင်းဟယ်လည်း ထွက်သွားကြသည်။

သူမ၏ ပစ္စည်းအားလုံးကို ထုတ်ပိုးပြီးနောက် ပွဲကြည့်ရန် ထုန်းယန်၊ လော့ရွှီအပါအဝင် အခြားသူများနှင့်အတူ အတားအဆီးဘေးတွင် ရပ်ကြည့်လိုက်သော်ငြား ခဏမျှသာ ဖြစ်သည်။
သူမဟာ ပြိုင်ပြီးလျှင် အတန်းထဲကို ပြန်ဖို့ စီစဉ်ထားနှင့် ပြီးသား ဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now