Chapter 84(Unicode&Zawgyi)

1.4K 114 0
                                    


" သဘက်ခါစာမေးပွဲဖြေဖို့ ဆရာမဆီ သွားတင်လို့ရတယ်။ ဆရာမက မင်းအတွက် စာမေးပွဲခန်း စီစဥ်ပေးလိမ့်မယ်။ ဒီကိစ္စကို နိုင်ငံတကာကျောင်းဒါရိုက်တာကို
ပြောရမယ်။ စတုတ္ထထပ်မှာရှိတဲ့ ရုံးခန်းကိုသွားလိုက်၊
ဒါရိုက်တာ ဟွမ်ဟွား အဲ့မှာရှိလိမ့်မယ်။ "

" ဟုတ်ပြီ "

ရွှီရှင်းတောသည် ပြိုင်ပွဲဝင်စာရင်းကို စီစဉ်ရွေးထုတ်နေစဥ်တွင် ထုန်းယန်က စာသင်ခန်းထဲသို့ ဝင်လာ၏။ အတန်းကိုယ်စားလှယ် ထွက်သွားသည်ကိုမြင်သော်  " နင် မော်နီတာနဲ့ ဘာပြောနေတာလဲ " ဟုမေးလိုက်သည်။

"ငါ့မှာ နေ့စဉ်ဆောင်ရွက်လှုပ်ရှားမှုရမှတ်အရမ်းနဲနေတယ်၊ ငါတို့အတန်းရဲ့ ပျမ်းမျှအမှတ်နဲသွားမှာကို ဆရာမကစိုးရိမ်နေတာလေ "

" ငါ့အမှတ်တချို့မင်းကိုပေးမယ်လေ"

" ထားလိုက်ပါ အနာဂတ်မှာ နင့်အဆင့် ဘာဖြစ်မလဲဆိုတာ ဘုရားပဲသိမယ်( သူမ သူ့အစား စာမေးပွဲဖြေပေးနိုင်မှာမဟုတ်လို့ပါ )။
ငါနင့်ထက် စာမေးပွဲတစ်ခုလျော့ပြီး ဖြေရင်တောင် ငါနင့်က်ု ကျော်ချင်ကျော်သွားနိုင်တာပဲလေ။"

"..."ထုန်းယန်သည် ဘာမှထပ်မပြောချင်တော့ပေ။သူ့ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး သူ၏လက်များကိုရွှီရှင်းတောဆီသို့
ဆန့်ထုတ်လိုက်ကာ သူ၏လက်ဆောင်ကိုတောင်းလိုက်သည်။

ရွှီရှင်းတောသည် ချက်ချင်း သဘောပေါက်လိုက်၏။
သူမ၏အိတ်ထဲမှ သေတ္တာတစ်ခုကိုထုတ်လိုက်ပြီးနောက် သေတ္တာကိုဖွင့်လိုက်ပြီး စာရွက်အထူတစ်ခုကို
ထုတ်လိုက်သည်။ " ဒီမှတ်စုတွေက နင့်အတွက်
ငါပြင်ဆင်ပေးထားတာ၊ အဲ့ဒါတွေက နင့်ရဲ့အရင်က
မှားတဲ့အဖြေတွေအပြင် နင့်ရဲ့ချို့ယွင်းချက်တွေအားလုံးကို စုစည်းပေးထားတယ်။ နင်အဲ့မှတ်စုတွေအတိုင်း အဆင့်ဆင့်လေ့ကျင့်သင်တယ်။ အဲ့ဒီမေးခွန်းတွေကိုဖြေပြီး နင့်ရဲ့ပညာအရည်အချင်းကို မြင့်တင်နိုင်လိမ့်မယ်။ "

ထုန်းယန်၏အမူအရာသည် သာမန်မျက်စိဖြင့်
မြင်နိုင်သော အရှိန်ဖြင့် ချက်ချင်းပြိုကျသွားသည်။
"ရွှီရှင်းတော၊ ဒီမေးခွန်းအစုံလိုက်က ငါ့မွေးနေ့လက်ဆောင်လား?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now