သူဟာ Oolong လက်ဖက်ရည်ကို ဝယ်လာပြီး စိတ်ကြိုက်အတန်းတက်ရန်အတွက် အတန်းထဲသို့ သွားလိုက်သော်လည်း ရွှီရှင်းတောကို အဲဒီမှာ မတွေ့ေပ။ ထို့နောက် သူဟာ multimedia အဆောက်အအုံသို့ လျှောက်သွားပြီး ရွှီရှင်းတောတစ်ယောက် လက်ဖက်ရည် အနုပညာအတန်းထဲမှာ ထိုင်နေသည်က်ို တွေ့လိုက်ရသည်။
ရွှီရှင်းတော လက်ဖက်ရည်အနုပညာအတန်းထဲမှာ ရှိနေသည်က ကိစ္စမရှိချေ။ သို့သော်ငြား ရွှီရှင်းတောက ရှောင်ချင်းဟယ်ရှေ့မှာ ထိုင်နေ၏။
ထုန်းယန်ဟာ တံခါးနားမှာ ရပ်ကာ သူတို့ကို ခဏလောက်ကြည့်နေ၏။ အတန်းထဲရှိ တခြားကျောင်းသားများက သူ့ကို သတိထားမိေသာ်လည်း ရွှီရှင်းတောက သတိမထားမိချေ။
သူမက ရှောင်ချင်းဟယ်ကို လက်ဖက်ရည်တစ်ခွက်တောင် ငဲ့ပေးလိုက်ေသးသည်။ ဤသည်က ထုန်းယန်ကို ဒေါသထွက်စေ၏။ သူဟာ သူ့ရဲ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး Oolong လက်ဖက်ရည်ကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ သောက်ကျိုးနည်း!
‘ငါ မင်းကို ခွင့်မလွှတ်သင့်ဘူး!'
ထို့နောက် သူဟာ ဒေါသတကြီး ထွက်သွား၏။တခြားတစ်ဖက်က ရွှီရှင်းတောကတော့ ကောင်လေးတွေက ဒီလိုလက်ဆောင်မျိုးကို တကယ်ကို မကြိုက်ကြောင်း သိသွား၏။
သူမလည်း မတရားခံရသလို ခံစားရသည်။ သူမက နှစ်ပေါင်းများစွာကြာေအာင် ယောကျာ်းလေးသူငယ်ချင်းကောင်း မရှိခဲ့ချေ။ ထို့ကြောင့် သူမက ထုန်းယန် ဘာကြိုက်ေလာက်မလဲဆိုတာကို မသိချေ။ သူမဟာ ဝေ့လန်နှင့် စူးဝေ့ကို မေးချင်ခဲ့သော်လည်း သူတို့က ထုန်းယန်နှင့် လုံးဝမတူချေ။ ဝေ့လန်နှင့် ထုန်းယန်ရဲ့ ပင်ကိုစရိုက်က လုံးဝ ဆန့်ကျင်ဘက်ပင်။
တစ်ယောက်က အရောင်တောက်တောက် အဝတ်များကို ဝတ်ပြီး တခြားတစ်ယောက်က အမည်းကလွဲပြီး ကျန်သည့်အရောင်များကို မဝတ်ချင်ပေ။
ထို့အပြင် ထုန်းယန်ကလည်း ဘာမှ ပြတ်လပ်မနေပေ။
သူ့မှာ အားလုံးရှိပြီး ဘာကိုမှ အထူးတလည်နှစ်သက်မှု မပြချေ။သူမက ထုန်းယန်ကို သူအလွယ်တကူမရနိုင်သည့် အရာ ပေးသင့်သည်ဟု တွေးတောလိုက်သည်။ ထို့ကြောင့် သူမက အင်အားများစွာ စိုက်ထုတ်ထားခဲ့သည်။
သို့သော်လည်း ထုန်းယန်က သိသိသာသာပင် ၎င်းကို သဘောမကျေပ။
YOU ARE READING
အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)
RomanceAuthor-墨西柯 Years-2019 English translator-Fleeting Cloud eng name-The Legitimate daughter doesn't care! Associated Names-真千金懒得理你[互穿 Myanmar translators-OriaAnna, @Xiaopea ဂရုမစိုက်တတ်တဲ့ သမီးအရင်းနဲ့ ကျိကျိတက်ချမ်းသာပြီးအာဏာရှင်ဆန်တဲ့ သခင်လေးတစ်ယောက...