Chapter 146(Unicode&Zawgyi)

593 44 1
                                    




"ဒါက အဲဒီလောက်ပြင်းထန်လား? တကယ်ပဲ လူတစ်ယောက်ကို မေ့လဲသွားအောင် လုပ်နိုင်တယ်ပေါ့?" လော့ရွှီက မေးရင်း ရွှီရှင်းတော၏ နဖူးကိုစမ်းရန် လက်ကို ဆန့်ထုတ်လိုက်သည်။

ထုန်းယန်က လော့ရွှီ၏ အပြုအမူအား နားမလည်သည့်အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။ "သူမမှာ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာကို မင်းက ဘာလို့ သူမရဲ့ကိုယ်ပူချိန်ကို စမ်းနေရတာလဲ?"

"အိုး...ဟုတ်သား.... ငါTV ရှိုးတွေအများကြီး ကြည့်မိလို့ ထင်တယ်" လော့ရွှီဟာ ထိုင်ဖို့ နေရာမရှိကြောင်း တွေ့လိုက်ရသည်။ လှည့်ပတ်ကြည့်ပြီးနောက် သူမဟာ ပြတင်းပေါက်ဘောင်ကို မှီရပ်
လိုက်ပြီး ထုန်းယန်အား မေးလိုက်သည်။ "ဆရာဝန်က ဘာပြောလဲ?"

"သူမနှိုးတဲ့အထိ စောင့်ဖို့ ပြောတယ်။ သူမကို နာကျင်တာသက်သာစေဖို့ ဆေးတစ်ချောင်းထိုးပေးထားတယ်။ သိပ်မကြာခင်မှာ သက်သာသွားလိမ့်မယ်"

ထုန်းယန်ဟာ ထိုသို့ ပြောဆိုလိုက်သော်ငြား သူ၏မျက်ခုံးများက တွန့်ချိုးနေ၏။ ရွှီရှင်းတောက အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့နေရသည့်အတွက် သူဟာ ကြောက်ရွံ့နေဆဲ ဖြစ်သည်။

သို့သော်ငြား ငါးမိနစ်ခန့်ကြာပြီးနောက် ရွှီရှင်းတောတစ်ယောက် နောက်ဆုံးမှာ အေးအေးဆေးဆေး နိုးထလာ၏။ သူမဟာ သူမရဲ့မျက်လုံးကို ဖွင့်လိုက်သည့်အချိန် ထုန်းယန်က သူမအားစိုက်ကြည့်နေကြောင်း တွေ့လိုက်ရပြီး
သူမဟာ ဆေးရုံခုတင်ပေါ်တွင် လှဲလျောင်းနေကြောင်း သတိထားမိသွား၏။

လော့ရွှီက မှီရင်း မေးလိုက်သည်။ "နင် အဆင်ပြေရဲ့လား?"

လော့ရွှီက သူမ၏ အိပ်ရာနောက်က တံခါးဘေးတွင် ရပ်နေတာ ဖြစ်သည်။ ရွှီရှင်းတောဟာ လော့ရွှီအား မြင်နိုင်ရန် မော့ကြည့်နေရမည် ဖြစ်သည့်အတွက် သူမဟာ ဝိုးတဝါးသာ တုန့်ပြန်လိုက်သည်။ "အင်း"

ထုန်းယန်က သူမအား အိပ်ရာပေါ်တွင် နေရာညှိပေးလိုက်ပြီး မေးလိုက်သည်။ "မင်း အရင်ဆုံး
ဆေးကြိုမသောက်ထားဘူးလား? ဒီတစ်ခေါက်
နာတာက ဘာလို့ အရမ်း ပြင်းထန်ရတာလဲ? နင် အခုထိ နာနေတုန်းလား?" ရွှီရှင်းတောဟာ မပြောခင် တစ်ခဏမျှ တိတ်ဆိတ်သွား၏။ "မနာပါဘူး
ဒါပေမဲ့ ငါ့ရဲ့နောက်ကျောက နည်းနည်းနာနေတယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now