Chapter 55(Unicode&Zawgyi)

1.5K 138 1
                                    


အဖေမုတစ်ယောက် စင်စစ် ဒေါသထွက်သွား၏။ သူဒုက္ခသုခခံ၍ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် သမီးက သူ့သမီးရင်းမဟုတ်ချေ။ သူ၏သွေးသားဆက်နွယ်သော သမီးရင်းက အမြဲတစေ အဖက်မလုပ်ချင်သလို ပြုမူကာ သူတို့က သူမအား ယွမ်ရှစ်သန်း အကြွေးတင်နေသကဲ့သို့ ဟက်ဟက်ပက်ပက်မရှိချေ။

အကယ်၍များ ဖြစ်တည်မှုအမှန်ကို ထုတ်ပြောပြီး မုမိသားစုရဲ့ ပစ္စည်းဥစ္စာတွေ ပြိုလဲပျက်စီးကုန်မှ ဒီသမီးအရင်းက နောက်ဆုံးတော့ ပျော်ရွှင်မှာလား?!

အရမ်း မိုက်မဲလွန်းတာပဲ!

အရာအားလုံးကပြောဆိုပြီးစီးသွားတဲ့အခါ သူတို့ မပျိုးထောင်ခဲ့ရသည့် ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သူတို့ကို စဉ်းစားပေးမှာတဲ့လဲ?

အဖေမုက အလွန်ဒေါသထွက်နေသည့်အတွက် သူဟာ မုချင်းယီကိုလည်း ပြဿနာရှာတော့သည်။ "သူမရဲ့သဘောထားကို ကြည့်။ အာ? ငါ လုပ်ပေးနိုင်တာ မှန်သမျှ လုပ်ပေးပြီးပြီ။ ငါက သူမအပေါ်မကောင်းလို့လား? သူမဝတ်တဲ့အဝတ်အစားတွေ၊ သူမလက်ထဲမှာ ကိုင်ထားတဲ့ဖုန်း၊ သူမရဲ့အကောင့်ထဲက မုန့်ဖိုးတွေကိုကြည့်လိုက်။ သူမကို ဘာများ မပေးလို့လဲ? သူမက ဘယ်လို ကျေနပ်ရမလဲဆ်ိုတ 
ဘာလို့များမသိတာလဲ? သူမက ငါ့ဆီကနေ ဘာများ လိုချင်တာလဲ? သူမက ငါ့ကို ခါးသီးတဲ့ မျက်ရည်တွေကျခိုင်းပြီး သူမရဲ့ရှေ့မှာ ဒူးထောက်ပေးရမှာလား?!"

အဖေမုက အမြဲတစေ ဖိုဝါဒီကြီးသူ ဖြစ်သည်။ သူက အမြဲတမ်း စီးပွားရေးကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့တာဖြစ်သည်။ရွှီရှင်းတော အိမ်ကို ပြန်လာပြီးနောက် အဖေမုက အိမ်ကိုပြန်လာသည့်အကြိမ်ရေတိုးလာခဲ့သည်။

အဖေမု၏အမြင်တွင် ဤသည်က ဒီသမီးနှင့်ပတ်သက်ပြီး သူ၏အနက်ရှိုင်းဆုံး အလေးထားမှုကို ပြသပြီးနှင့်ပြီး ဖြစ်သည်။

သူက သူမအတွက် လုံလုံလောက်လောက် ကောင်းမွန်အောင် လုပ်ပေးပြီးသားပဲ!

မုချင်းယီက သူ့အဖေကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အနည်းဆုံးတော့ သူဟာ ဘာမှ မပြောဘဲ အပေါ်ထပ်ကို တက်သွား၏: "ကျွန်တော် စာသွားကြည့်တော့မယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now