အဖေမုက မစားခင် မေးလိုက်သည်။
"စာမေးပွဲရလဒ်က ထွက်သင့်နေပြီ မဟုတ်ဘူးလား? ဒီတစ်ခေါက် မင်းတို့နှစ်ယောက် ဖြေနိုင်ခဲ့ကြလဲ?"အဖေမုက ရလဒ်အကြောင်း ပြောလိုက်သည့်အချိန် မုချင်းယောင်၏ မျက်နှာက လုံးဝ မည်းမှောင်သွား၏။ သူမဟာ ခေါင်းလှည့်ပြီး
မုချင်းယီကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။
သူမက ပြန်ဖြေလိုက်သည်။ "စာမေးပွဲက အဆင်ပြေပါတယ်။ ဒါပေမဲ့ အဆင့်က တက်လည်းမတက်လာသလို ကျလည်းမကျသွားဘူး"အဖေမုက ပြောလိုက်သည်။ "ကောင်းပြီ မင်းစာလေ့လာတာနဲ့ပတ်သက်ပြီး ငါက အရမ်းမစိုးရိမ်ပါဘူး။ ဒါပေမဲ့ အမြဲတမ်းတိုးတက်မှုရှိနေရမယ်။ တစ်နေ့ကျ မင်းက သေချာပေါက် မင်းရဲ့အစ်ကိုကို အမှီလိုက်နိုင်မှာပါ"
အမေမုဟာ နောက်ဆုံးတော့ ဤကိစ္စကို ပြောနေရင်း အနည်းငယ် ပျော်ရွှင်လာ၏။ လူတိုင်းက သူ့ကလေးတွေအကြောင်း ပြောသည့်အခါတိုင်း
ချီးကျူးလေ့ရှိသည်။ မုချင်းယီသည် သေချာပေါက် အကျင့်စရိုက်ရော စာလေ့လာမှုတွင်ပါ ထူးချွန်ကောင်းမွန်ပြီး မုချင်းယောင်ကလည်းသူ၏ စာလေ့လာရာတွင်ရော စန္ဒရားတီးသည့်နေရာတွင်ပါ ထူးချွန်လေသည်။ သူတို့ဟာ သူတို့အသိအကျွမ်းနယ်ပယ်တွင် နာမည်ကျော်ကြားလေသည်။အဖေမုက မုချင်းယီအား မေးလိုက်သည်။ "ချင်းယီ မင်းက အဆင့်တစ်ပဲ ထပ်ရတာ မလား?"
"မဟုတ်ဘူး အဆင့်၂ရတာ" မုချင်းယီက အေးစက်စွာ ဖြေလိုက်သည်။အဖေမုက အနည်းငယ်အံ့အားသင့်သွား၏။ "အာ? ရှောက်ချင်းဟယ်က မင်းကို ကျော်သွားတာလား?"
"မဟုတ်ဘူး ပထမက ရွှီရှင်းတောရသွားတာ"
ထမင်းခန်းကြီးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။တကယ်တမ်းတွင် မုချင်းယောင်က ဤကိစ္စနှင့်ပတ်သက်ပြီး သူမ၏မိဘများကို သိခွင့်မပေးချင်ပေ။ ထို့ကြောင့် သူမက အရင်
ဝိုးတဝါးဖြေခဲ့တာ ဖြစ်သည်။ သို့သော်ငြား ဘယ်လိုပဲဖြစ်ဖြစ် မုချင်းယီက ပြောလိုက်ပြီ ဖြစ်သည်။ သူမဟာ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ဆက်သာ စားလိုက်ရသည်။သူမ၏ မိဘများက သူမကို အခြားသူများနှင့် နှိုင်းယှဉ်တာမျိုး မလိုချင်ပေ။ သူမဟာ နှိုင်းယှဉ်ခံရသည့် ခံစားချက်ကိုမုန်းတီးလေသည်။
သူမအမုန်းဆုံး အချက်မှာ ရွှီရှင်းတောက သူမထက်ပိုသာနေသည်ကိုပင်။
YOU ARE READING
အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)
RomanceAuthor-墨西柯 Years-2019 English translator-Fleeting Cloud eng name-The Legitimate daughter doesn't care! Associated Names-真千金懒得理你[互穿 Myanmar translators-OriaAnna, @Xiaopea ဂရုမစိုက်တတ်တဲ့ သမီးအရင်းနဲ့ ကျိကျိတက်ချမ်းသာပြီးအာဏာရှင်ဆန်တဲ့ သခင်လေးတစ်ယောက...