Chapter 150(Unicode&Zawgyi)

556 42 1
                                    



မုချင်းယောင်က လတ်တလော ကျောင်း၏ cheerleading အဖွဲ့ကို ဝင်ရောက်ထားတာ ဖြစ်သည်။ သိပ်မကြာခင်တုန်းက cheerleadingအဖွဲ့ ၏ နာမည်ကျော်ကြားမှုက နိုင်ငံအနှံ့ပျံ့နှံ့နေပြီး ပြိုင်ပွဲအချို့ကိုတောင် စတင်ကျင်းပနေပြီ ဖြစ်သည်။ သူတို့ဟာ ပြိုင်ပွဲအတွက် ဆက်တိုက်လေ့ကျင့်ချင်သော်ငြား သူတို့ဟာ သူတို့၏ အဆင့်နှင့် ကျောင်းသားမှတ်တမ်းများကို ထိန်းသိမ်းရမှာ ဖြစ်သည့်အတွက် အတန်းပြီးမှသာ လေ့ကျင့်နိုင်တာ ဖြစ်သည်။

လတ်တလော cheerleading အဖွဲ့၏ မုချင်းယောင်နှင့် တခြားအဖွဲ့ဝင်များက အားကစားရုံထဲတွင် အစမ်းလေ့ကျင့်နေကြ၏။

သီချင်းသံအား  အတော်လေး ကျယ်လောင်စွာ ဖွင့်ထားသည့် အားကစားရုံထဲတွင် စတီရီယို အသံစနစ်ကို ထည့်သွင်းတည်ဆောက်ထား၏။
သူတို့ဟာ လုံ့လဝီရိယရှိစွာ အစမ်းလေ့ကျင့်နေကြသည့်အတွက် တစ်ယောက်ယောက်က အားကစားရုံထဲဝင်လာပြီး ဒုတိယထပ်က ထိုင်ခုံတန်းများမှ သူတို့အား ကြည့်နေသည်ကို သတိမပြုမိပေ။

ဒုတိယထပ်တွင် ရှေ့ လက်ရန်းပါရှိသော အထူးတန်းတစ်ခု ရှိလေသည်။ ဒီနေရာတွင် အချိန်လာဖြုန်းပြီး ဘာတွေလုပ်နေလဲဆိုတာ လာကြည့်သည့် ကျောင်းသားများ ရှိနေခြင်းက ပုံမှန်သာ ဖြစ်သည်။ နေရာက ဤနေရာသာဖြစ်သည်။ ထုန်းယန်က လူတချို့ကိုလည်း သူနှင့် တစ်ပါတည်း ခေါ်ဆောင်လာ၏။

သူဟာ လက်ရန်းမှ အနည်းငယ်ခွာပြီး ရပ်နေသော်ငြား အောက်မှာလေ့ကျင့်နေသည့် ကောင်မလေးများကို မြင်နေရ၏။ သူ၏ လက်ထဲတွင် လေဆာ ချောင်းတံကို ချိန်ညှိပြီးနောက် သူဟာ စူးဝေထံ မက်ဆေ့ချ်ပ်ို့ရန် သူ့ရဲ့ဖုန်းကို အသုံးပြုလိုက်သည်: မီးပိတ်လိုက်

၂စက္ကန့်ခန့် ကြာပြီးနောက် အားကစားရုံတစ်ခုလုံး အမှောင်ကျသွား၏။
လတ်တလောတွင် ည၉နာရီ ကျော်နေပြီ ဖြစ်သည်။ မီးပိတ်သွားပြီးနောက် အားကစားရုံတစ်ခုလုံး လုံးဝ အမှောင်ကျသွားကာ မိန်းကလေးအုပ်စုကို ကြောက်လန့်တကြား အော်ဟစ်မိစေ၏။

ထုန်းယန်က ညကြည့်မျက်မှန်ကို တပ်ဆင်လိုက်ပြီး မုချင်းယောင်ကို တွေ့လိုက်ရကာ
လေဆာကို သူမထံ ချိန်ရွယ်လိုက်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now