Chapter 136(Unicode&Zawgyi)

698 53 1
                                    



ကျားဟွာနိုင်ငံတကာကျောင်း၏ မူဝါဒအများစုက နိုင်ငံတကာ စံနှုန်းများနှင့်တစ်သားတည်းဖြစ်သည်။

ဥပမာအားဖြင့် တင်းနစ်ကို နိုင်ငံခြားတိုင်းပြည်များတွင် အတော်လေး အရေးပါသည့် ကဏ္ဍတွင်ထားရှိသည့်အတွက် ကျောင်းက တင်းနစ်နှင့် ပတ်သက်၍ အလွန်အလေးထားလေသည်။ယခုအချိန်တွင် တင်းနစ်အပေါ်ထားသည့် အာရုံက ဘတ်စကက်ဘောနှင့် ဘောလုံးထက် ကျော်လွန်လေသည်။

ကျောင်း၏ ပြင်ပ တင်းနစ်ကွင်းက မြေသားတင်းနစ်ကွင်းဖြစ်ကာ French Openတွင် သုံးသည့် ကွင်းနှင့် ဆင်တူလေသည်။

ရွှီရှင်းတောသည် တင်းနစ်နှင့် ပတ်သက်၍ ကောင်းကောင်းနားလည်သည့်အတွက် ကွင်းအမျိုးအစားက ပွဲအပေါ် ဘယ်လိုသက်ရောက်မှုမျိုးရှိမလဲ ဆိုတာ သိလေသည်။
ကျောင်းအတွင်းရှိ ကွင်းများကို ကတ္တရာစေးခင်းထားပြီး ပလတ်စတစ်တစ်လွှာအုပ်ထားသည့်အတွက် အလွန် အဆင်ပြေလှပေသည်။
အင်္ဂတေခင်းထားသည့် တင်းနစ်ကွင်းက ဘောလုံးကို မြန်မြန် ပြန်ခုန်တက်စေပြီး သာမန်ရိုးကျ ပိုဖြစ်နေပေလိမ့်မည်။

မြေစေးတင်းနစ်ကွင်း၏ မျက်နှာပြင်က ကြမ်းပြီး အင်္ဂတေကွင်းလောက် မပြန့်သည့်အတွက် ဘောလုံးနှင့် မြေပြင်ကြားက ပွတ်တိုက်အားပိုများစေ၏။ ၎င်းက ဘောလုံး၏ အရှိန်ကို ပိုမို နှေးကွေးစေ၏။

ထပ်မံ၍ မြေစေးကွင်းတွင် ကစားနေသည့်အချိန်
မြန်မြန်ဆန်ဆန် ရပ်တန့်ရန်နှင့် လှည့်ရန်အတွက် စောင်းနေသည့် နေရာအများအပြားရှိရာ တစ်စုံတစ်ယောက်တွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကောင်းကောင်းရှိလျှင် မြေစေးကွင်းတွင်
မတော်တဆ ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့ပိုဖြစ်နိုင်လေသည်။

သို့သော်ငြား ရွှီရှင်းတော၏ အားက ယခုအချိန်မှာ သိပ်မကောင်းပေ။
အကယ်၍ မိုးလုံလေလုံ ကစားကွင်းသာ ဖြစ်လျှင်
ရွှီရှင်းတောသည် သူမ၏ အဝတ်အစားများကို လဲနိုင်မှာ ဖြစ်ပြီး သူမကိုယ်သူမ ပိုပြီး သက်တောင့်သက်သာ ရှိစေမှာ ဖြစ်သည်။

ထပ်မံ၍ ရွှီရှင်တောသည် အင်္ဂတေကွင်းတွင်သာ ကစားလေ့ရှိသည်။
ဤပြိုင်ပွဲကသိသိသာသာပင် သူမအတွက် မသင့်တော်လှပေ။
သို့သော်ငြား ရွှီရှင်းတောသည် အပ်ိုရမှတ်များကြောင့် ပြိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now