Chapter 142(Unicode&Zawgyi)

599 39 0
                                    



ရွှီရှင်းတောက ရှောက်ချင်းဟယ်အား စိုက်ကြည့်လိုက်သည်။ ရှောက်ချင်းဟယ်တစ်ယောက် သူမအိမ်ပေါ်က ဆင်းကာ မုမိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်လိုက်သည်ကို မသိဘူးဆိုတာမယုံပေ။
ဒီငနဲက အတော်ဆိုးတာပဲ!

သို့သော်ငြား ရှောက်ချင်းဟယ်က ဘာမှမပြောဘဲ သူမကို တိတ်တိတ်လေးသာ ကြည့်နေ၏။
သူမက ပြန်ဖြေလိုက်သည်။ "အင်း အဲသလိုပါပဲ"

"တကယ်တော့ ငါ့မှာ မင်းကိုကူညီဖို့ နည်းလမ်းတစ်ခုရှိတယ်"
"ဘယ်လိုလဲ?" ရွှီရှင်းတောဟာ သူမရဲ့မျက်ခုံးကို ပင့်လိုက်သည်။

ရှောက်ချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။ "ငါရဲ့မိသားစုက အနုပညာကုမ္ပဏီတစ်ခုက်ို ထောင်ထားတာ။ ကုမ္ပဏီမှာ နာမည်ကြီးဆယ်လီတွေအများကြီးရှိတယ်"

ရွှီရှင်းတောက အနည်းငယ် အံ့အားသင့်သွား၏။
ရှောက်ချင်းဟယ်၏ အကျင့်စရိုက်က ဒုတိယမျိုးဆက် သခင်လေး၏ ပုံရိပ်နှင့် လုံးဝ ကွဲပြားနေ၏။ ထို့နောက် သူမဟာ ပြုံးပြီး သူ၏ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည်။ "မေ့လိုက်တော့ ငါ မလုပ်နိုင်ဘူး"

"မဟုတ်တာ မင်းရဲ့မျက်နှာက မော်ဒယ်လုပ်ဖို့အတွက် အလွန်အကျွံ သင့်တော်တယ်။ ဒါနဲ့ မင်းရဲ့အရပ်က ဘယ်လောက်လဲ?"
မော်ဒယ်?

ရွှီရှင်းတောက တုန့်ဆိုင်းမှုတချို့ဖြင့် ပြန်ဖြေလိုက်သည်။ "175cm"

"မင်းရဲ့အရပ်က နည်းနည်းပုရင်တောင် မင်းက အနိမ်ဆုံးစံအရပ်ကို မှီတယ်လို့ ပြောလို့ရတုန်းပါပဲ။ မင်းရဲ့ အရှိန်အဝါ၊ ပုံပန်းသွင်ပြင်နှင့် ပေါင်းရင် မင်းသေချာပေါက် ကြိုးစားကြည့်သင့်တယ်"
"ဘယ်လိုမော်ဒယ်မျိုးလဲ?"

"မင်းမီဒီယာ ပုံနှိပ်မော်ဒယ်လုပ်လို့ရတယ်။ မင်း ရှိုးပွဲတွေတက်၊ ကုန်ပစ္စည်းထောက်ခံချက်ပေးရတာမျိုးတွေ၊ ကြော်ငြာတချို့ရိုက်ပြီး တခြားဟာတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ ငါတို့ကုမ္ပဏီက အင်တာနက်ဆယ်လီတွေကို မလေ့ကျင့်ပေးဘူး။
တကယ်လို့ မင်းစိတ်ဝင်စားရင် ငါမင်းအတွက် ကုမ္ပဏီကောင်းကောင်းရှာပေးလို့ရတယ်။ အဲဒီလိုမျိုးတွေလုပ်တဲ့ ရုပ်သံကုမ္ပဏီတွေရှိတာမလို့ ငါတို့ကုမ္ပဏီကိုလည်း အဲဒီကုမ္ပဏီတွေနဲ့ နည်းနည်း ချိတ်ဆက်ထားသင့်တယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now