Chapter 43(Unicode&Zawgyi)

1.6K 139 0
                                    


မုချင်းယီနှင့် ရှောက်ချင်းဟယ်သည် ရှီးယန်လမ်းဆုံသို့ ကားဖြင့်ရောက်လာလေသည်။ သူတို့ဟာ ရွှီရှင်းတောကို တွေ့ပြီးနောက် သူမက ကျန်းလုံထောင်းကို စကိတ်ဘုတ်ကို သုံး၍ဓားကို ကာပေးလိုက်ပြီးနောက် အစ်ကိုရှုန်းအား ရိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် သူတို့နှစ်ယောက်ဟာ ရပ်လိုက်ပြီး အဝေးကနေ အရာအားလုံးကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဤအချိန်တွင် မုချင်းယောင်နှင့် လုရန်ကျားတို့လည်း ရောက်ရှိလာကြ၏။ သူတို့ဟာ လူအုပ်ထဲသို့ ဝင်လိုက်သောအခါ ဤမြင်ကွင်းကို မြင်ပြီး မထိတ်လန့်မိဘဲမနေနိုင်တော့ချေ။

ကိစ္စများက သူတို့ဖြစ်လာလိမ့်မည်ဟု တွေးတောထားသည်နှင့် မတူချေ။

ရွှီရှင်းတောနှင့် အစ်ကိုရှုန်းကြားတွင် မကျေပွဲမရှိသလို အမုန်းတရားလည်း မရှိချေ။ ထို့ကြောင့် ရွှီရှင်းတောသည် ဓားကို သိမ်းပြီးနောက် အစ်ကိုရှုန်းကို လွှတ်ပေးလိုက်သည်။ နောက်ဆုံး၌ သူမဟာ ဓားကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

အစ်ကိုရှုန်းက မိန်းမငယ်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။ သူ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ? သူဟာ ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "မင်းဘယ်သူလဲ? မင်းက ငါ့ကို လာနှောင့်ယှက်ရဲတယ်ပေါ့?!"

ဤအချိန်တွင် မော်တော်ဆိုင်ကယ်စီးလာသည့် လူတစ်စုက ရှီးယန်လမ်းဆုံကို ရောက်ရှိလာကြသည်။ သူတို့၏ခေါင်းဆောင်က ဆိုင်ကယ်ပေါ်က တောင်မဆင်းဘဲ လူအုပ်ထဲသို့ တိုက်ရိုက်ပင် တ်ိုးဝင်လာ၏။ဆိုင်ကယ်က်ို မြင်သည်နှင့် ဘေးမှဝိုင်းကြည့်နေသူများက ချက်ချင်းပင် လမ်းဖယ်ပေးကြ၏။

လူတိုင်း၏မျက်စိရှေ့အောက်တွင် ထိုလူက ရွှီရှင်းတော၏ဘေးဖက်သို့ ဆိုင်ကယ်မောင်းသွားပြီးနောက် ရပ်လိုက်သည်။

မော်တော်ဆိုင်ကယ်က အလွန်ဆွဲဆောင်မှုရှိသော အသွင်အပြင်နှင့် အနက်ရောင် Ducati ဖြစ်သည်။ ရပ်လိုက်ပြီးနောက် ထိုလူက ဆိုင်ကယ်ပေါ်တွင် ခြေတစ်ချောင်းထောက်ကာ ရပ်လိုက်သည်။ သူ၏ခြေထောက်များက အလွန်ရှည်လျားကာ လူများအား ထိုခြေထောက်များကို ကြည့်အောင်ပြုလုပ်နေ၏။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now