Chapter 130(Unicode&Zawgyi)

863 52 2
                                    


ရွှီရှင်းတောသည် ငွေရှင်းကောင်တာတွင်
ကတ်ကို သုံးလိုက်သည့်အချိန် လက်ကျန်ငွေကို
မြင်ပြီး စွံ့အသွား၏။

လော့ရွှီသည် လက်ကျန်ငွေကို မြင်ပြီး ရွှီရှင်းတောအား မေးလိုက်သည်။ "ဒါက ထုန်းယန်ရဲ့ကတ်လား?"
ဘယ်သူကများ သူတို့ရဲ့အစားအသောက်ကတ်ကို အကြောင်းပြချက်မရှိ ယွမ်ရာထောင်ချီ ထည့်မှာလဲ? သူတို့ ရူးနေတာလား?

"ယင်ရှောက်ရှူရဲ့ဟာ" ရွှီရှင်းတောသည် ဖြေလိုက်ပြီးနောက် သူမအတွက် အိုးလုံလက်ဖက်ရည်ဝယ်ရန် သူမ၏ကိုယ်ပ်ိုင်ကတ်ကို အသုံးပြုလိုက်သည်။ သူမ၏ကတ်ထဲတွင် ယွမ်လေးရာကျော်မျှသာ ရှိလေသည်။

လော့ရွှီတစ်ယောက်အလွန်အမင်းပင် ဝေခွဲမရဖြစ်သွား၏။ "နင်နဲ့ ယင်ရှောက်ရှူမနေ့ကမှ ပြဿနာ ဖြစ်ထားတာမဟုတ်ဘူးလား?"
"ငါ တောင်းပန်လိုက်ပြီ" ရွှီရှင်းတောတစ်ယောက် သက်ပြင်းချလိုက်သည်။ ထို့နောက် သူမဟာ စာမေးပွဲခန်းဆီသို့ လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ငါ့ရဲ့စာမေးပွဲခန်းက အတော်လေးဝေးတယ် ဒါကြောင့် ငါအရင်သွားနှင့်မယ်"

"ကောင်းပြီ ဘိုင့်ဘိုင်" လော့ရွှီသည် ရွှီရှင်းတောအား နှုတ်ဆက်လိုက်သည်။
စာမေးပွဲရက် နှစ်ရက် ကုန်ဆုံးသွားပြီးနောက်
ရွှီရှင်းတော၏ ကတ်ကို အသုံးပြုရမည့် လုပ်ငန်းစဉ် စတင်ပြီ ဖြစ်သည်။

ကျောင်း၏ ဝါသနာပါရာ အတန်းများအားလုံး
တွင် ပြိုင်ပွဲများရှိလေသည်။ အကယ်၍ သူတို့သာ အနိုင်ရလျှင် ဆုများ လက်ခံရရှိမှာ ဖြစ်သည်။
သူတို့သာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်လျှင် အနည်းဆုံး အတန်းများထဲမှ တစ်ခုကို
အရင်ဆုံး ပါဝင်ရမည် ဖြစ်သည်။

ကျောင်းသားများက အတန်းကို တက်ရောက်ပြီးနောက် သူတို့၏ကျောင်းသားကတ်ကို အသုံးပြုပြီး သို့မဟုတ် အပလီကေးရှင်းတစ်ခုကို ဒေါင်းလုပ်ဆွဲကာ ဝါသနာပါရာအတန်းတွင်ပါဝင်နိုင်မှာ ဖြစ်သည်။ ဝင်ကြေးက သင်ခန်းစာ ပေါ်မူတည်၍ ပေးသွင်းရမှာ ဖြစ်ပြီး သင်ရိုးတစ်ခုစီအတွက် ပေးသွင်းရမည့်ငွေက ကွာခြားလေသည်။ ၎င်းက အတန်း၏ ကုန်ကျစရိတ်နှင့်
ကမ်းလှမ်းထားသည့် ဆရာမ၏ အဆင့် စသည့်အချက်ပေါ် အဓိက မူတည်လေသည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now