Chapter 76(Unicode&Zawgyi)

1.4K 121 2
                                    


သူမပြောလို့ပြီးပြီးချင်း ချုံပုတ်တွေရဲ့ နောက်မှာဖလက်ရှ်မီးတစ်ခု လင်းသွားသည်ကို တွေ့လိုက်ရသည်။ မီးကို မပိတ်လိုက်ခင် နှစ်ကြိမ်လင်းသွား၏။

ရွှီရှင်းတောတစ်ယောက် အလန့်တကြားဖြစ်သွားပြီး အံ့ဩတကြီး မေးလိုက်သည်။ "နင်ဘယ်လို ဝင်လာတာလဲ?"

သူတို့ရဲ့ရပ်ကွက်ထဲသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှသည်။ ထုန်းယန်က ဒီမှာ မနေဘူးလေ။ ဒါဆို သူ ဘယ်လိုများ ဝင်လာတာလဲ? "အိုး ငါ့အတွက် မင်းကို ဆက်သွယ်ဖို့ ပိုလွယ်လာအောင် ငါဒီရပ်ကွက်မှာ အိမ်တစ်လုံး ဝယ်ထားတာ"

"အင်းလေ အဲလိုမျိုးက အတော်လေး နင်ပီသပါတယ်"

"မြန်မြန်ဆင်းလာ။ ငါ မင်းကို တစ်နေရာ ခေါ်သွားမယ်"

"ဘယ်နေရာလဲ?"

"ဆင်းလာခဲ့ ငါက စိတ်ရှည်တဲ့သူ မဟုတ်ဘူး"
ရွှီရှင်းတောဟာ ဖုန်းချလိုက်ပြီးနောက် အဝတ်အစားမြန်မြန်လဲပြီး လသာဆောင်မှ တိုက်ရိုက်ပင် ခုန်ဆင်းလိုက်သည်။

သူမ၏အခန်းက တတိယထပ်မှာ ဖြစ်သည်။ခုန်ချလိုက်ပြီးနောက် သူမဟာ ဒုတိယထပ်၏ ခေါင်မိုးပေါ်သို့ရောက်သွား၏။ ထို့နောက်တွင်တော့ သူမဟာ ဒုတိယထပ်မှ ပထမထပ်ကို ခုန်ဆင်းလိုက်သည်။ ထုန်းယန်တစ်ယောက် မြင်သွားသည့်အခါ အံ့အားသင့်သွားပြီး ကူညီဖို့ အရောက်လာချင်သွား၏။

သို့သော်လည်း သူဘာမှ မလုပ်နိုင်သေးခင် ရွှီရှင်းတောဟာ မြေမြင်ပေါ်သို့ ရောက်သွားပြီး ဖြစ်သည်။

ကုတ်အင်္ကျီအပါးလေးတစ်ထည်က်ို ဝင်ဆင်ထားသည့် ရွှီရှင်းတောက ထုန်းယန်ဆီသို့ လျင်မြန်စွာ ပြေးသွား၏။ ထုန်းယန်ဟာ မမေးဘဲ မနေနိုင်တော့ချေ။ "နင်က ကျားလား? အဆောက်အဦပေါ်ကနေ ခုန်ချနေတာ"

"ငါ အရှေ့တံခါးကနေ ဖြတ်လာလို့ မရဘူးလေ။ မဟုတ်ရင် မုချင်းယောင်က ဒီကနေ အရေးကိစ္စတစ်ခု ဖန်တီးလိမ့်မယ်"

ထုန်းယန်က ရွှီရှင်းတောကို ဆိုင်ကယ်ဦးထုပ် ပေးလိုက်ပြီး သူ့ရဲ့ဆိုင်ကယ် နောက်ခုံကို ပုတ်ပြသည်။ "တက်"

"နင် ဆိုင်ကယ်လဲထားတာလား?"

"ငါ့မှာ ဆိုင်ကယ်အများကြီးရှိတယ်။ မင်း အဲဒီအကြောင်း မသိဘူး"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now