အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်

3.6K 500 1
                                    

အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်

_____________________

လုကျိုးမှာ အရယ်ခံရမည်အား မကြောက်ပေ။ သူ့အတွက်တော့ ဒါတွေအကုန်လုံးက အခုလက်ရှိပြဿနာကို ဖြေရှင်းနိုင်သရွေ့အရေးမကြီးပေ။

သူက ခေါင်းညိတ်ပြီး အကြည့်က တတိယ၊စတုတ္တ နှင့် ပဉ္စမတပည့်ဆီ အကြည့်ရောက်သွားသည်။ နောက်ဆုံးတွင်တော့ နဝမတပည့်ဆီ အကြည့်ရောက်ခဲ့၏။

"မင်းရော ဘယ်လိုလဲ၊ ယွမ်အာ"

"ရှစ်... ရှစ်စွင်း"

ယွမ်အာလေးက တွန့်ဆုတ်နေသည်။

"အရေးမကြီးဘူး... ပြောစရာရှိတာသာ ပြော၊ ငါက မုန်တိုင်းအကုန်လုံးကို မြင်ဖူးတဲ့အထိ နေထိုင်လာခဲ့ပြီးပြီ၊ မင်းရဲ့ တာ့ကောနဲ့ အာ့ရှစ်ရှိုးတို့ ရွှေနန်းဥယျာဉ်တော်ကနေ ထွက်သွားချိန် သူတို့က မင်းထက် ပိုပြီးဆုံးဖြတ်ချက်ပိုခိုင်မာတယ်"

လုကျိုးက ခပ်တိုးတိုးဆိုသည်။

ယွမ်အာလေးမှာ ဒူးထောက်ချလိုက်တော့၏။

"ရှစ်စွင်း၊ ဒီတပည့် မလုပ်ရဲပါဘူး"

"တင်း၊ အရံတာဝန် 'အခြားသူများ၏ဆန္ဒသည် ကျုပ်တို့မြင်တွေ့ရန်မဟုတ်' ကို ပြီးမြောက်သွားပါပြီ၊ ဆုလာဘ်က အမှန်တရားမျက်လုံးဖြစ်ပြီး အစွမ်းကတော့ ထာဝရပါ"

ထိုအခြင်းအရာက လုကျိုးကို ကြောင်သွားစေသည်။ ရုတ်တရက် သူ့ရှေ့မှောက်က လူဆိုးတပည့်များပေါ်တွင် မျက်လုံးထဲ၌ အညွှန်းများပေါ်လာလေသည်။

"တွမ့်မူရှန်း၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၂၃ ရာခိုင်နှုန်း၊ လျော့ကျလာသည်..."

"မစ်ရှစ်ရင်၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၂၃ ရာခိုင်နှုန်း၊ လျော့ကျလာသည်..."

"ကျောင်းယွဲ့၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၃၅ ရာခိုင်နှုန်း၊ လျော့ကျလာသည်..."

"စီယွမ်အာ၊ နတ်ဒေဝါဦးတည်နယ်ပယ်ဆင့်၊ သစ္စာရှိမှု၆၀ ရာခိုင်နှုန်း၊ မြင့်တက်လာသည်..."

"သဲလွန်စ: တပည့်တစ်ယောက်၏ သစ္စာရှိမှုက သုညရာခိုင်နှုန်းအောက် ရောက်ရင် ဂိုဏ်းကို သစ္စာဖောက်ပြီး ရန်သူဖြစ်ပါလိမ့်မယ်၊ သစ္စာရှိမှုက ၈၀ရာခိုင်နှုန်းအထက်ဆိုရင် တပည့်က သစ္စာမဖောက်ပါဘူး၊ ၉၀ရာခိုင်နှုန်းကျော်ရင်တော့ အမှန်တကယ် သစ္စာရှိသွားပါလိမ့်မယ်"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now