အခန်း (၁၄၈) တိမ်ခွင်းရထားလုံး

1.5K 219 2
                                    

အခန်း (၁၄၈) တိမ်ခွင်းရထားလုံး

သို့သော်လည်း လုကျိုးက ပိုင်ရှင်အဖြစ် မှတ်ယူထားသည့် ထောက်ခံမှုမျိုး မမြင်မိပေ။  သူ ယခင် ရထားသည့် လက်နက်များက သက်ဆိုင်ရာ ပိုင်ရှင်ရှိသော်လည်း သည်သေတ္တာကမူ မရှိပေ။

ဒါက ကျောင်းယွဲ့ကို အကြံမပြုသင့်ဘူးလား ..

လုကျိုးစိတ်ထဲ ကျောင်းယွဲ့က သံတူ ကိုင်ထားသည့် ပုံရိပ်ကို မြင်ယောင်ကြည့်မိသည်။

အာ … သဘာဝမဆန်ဘူးပဲ … ဒီလိုဆိုမှတော့ ဒီရတနာက အသက်ဓားသွားထက် အဆင့်မနိမ့်မှန်း သိသာတယ်။

လုကျိုးက လက်နက်ကို ပြန်သိမ်းလိုက်ပြီးနောက် လျှို့ဝှက်ခန်းမှ ထွက်လာလိုက်သည်။ သူ ခန်းမကျယ်ထဲ ရောက်လာသည့်အခါ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့ ရောက်နေကြောင်း သတိပြုမိလိုက်၏။

ကျောင်းယွဲ့က ပြန်မကျင့်ကြံဘူးလား …

ကျောင်းယွဲ့က ရှစ်စွင်းဖြစ်သူ ထွက်လာသည်ကို မြင်လိုက်သည့်အခါ  ဦးညွတ်လိုက်ပြီး “ရှစ်စွင်းကို ဂါရဝပြုပါတယ် ”

“ ဘာကိစ္စရှိလို့လဲ ”

“ ချီရှစ်တိက မိစ္ဆာဘုရားကျောင်းရဲ့ ကျောင်းထိုင် ရန်ပုဖင်းလည်း ထန်းကျီမြို့ထဲ ရောက်နေတယ်ဆိုပြီး သတင်းပို့လာတယ်။ ပြီးတော့ … ”

“ ဆက်ပြော ”

“ပြီးတော့ နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်က အစီအရင် ခင်းနေကြတယ်တဲ့။ သူတို့က ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအကွယ်ကို ဖျက်ဆီးဖို့ ကြံနေကြတယ် ” ကျောင်းယွဲ့က ပြောလိုက်သည်။

လုကျိုးက စိတ်ထဲ အနည်းငယ် အံ့အားသင့်မိသွားသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။ သူက ပြောလိုက်၏။

“ လောင်ချီရဲ့ သတင်းက ယုံရရဲ့လား”

ရှောင်ယွမ်အာက စိတ်ညစ်စွာ ပြောလိုက်သည်။

“ချီရှစ်ရှိုး တစ်ယောက်တည်း ပို့လိုက်တာ မဟုတ်ဘူး။ ကျန်းအိုက်ကျန့်လည်း ပို့ထားသေးတယ်။ ရှစ်စွင်း ဒီမှာကြည့်ပါဦး။ သူတို့က ငြိမ်းချမ်းရေးအတွက်ဆိုပြီး အယောင်ဆောင်နေပြီးတော့ တကယ်တမ်းကျ တပည့်တို့ကို အကွက်ချနေတာပဲ။ တပည့်တို့ ဟိုနေ့က သူတို့ကို ရှစ်ပိုင်းလောက် ပိုင်းပစ်ခဲ့သင့်တာ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲOpowieści tętniące życiem. Odkryj je teraz