အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး

1.5K 225 2
                                    

အခန်း  (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး

ကျူးဟုန်ကုန်းက အပြုံးလေးဖြင့်  “ တာ့ရှစ်ရှိုးရဲ့ အင်အားနဲ့ဆိုရင် ဒီသေတ္တာကို ဖွင့်နိုင်မဲ့ နည်းလမ်းရှာနိုင်မှာပါ။ ဒီထဲမှာ ဝှက်ထားတဲ့ အံ့ဩဖွယ် ရတနာမျိုးကို တွေ့ရင် တွေ့ရမှာလေ ”

ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။ သူက သေတ္တာထဲ သူ့အာရုံဖမ်းဆုပ်နိုင်မည့် တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု မထင်ပေ။

“ မိစ္ဆာဝေဟင်မျှော်နန်းက တပည့်တွေ စလက်ခံကတည်းက ရှစ်စွင်းက အားလုံးကို ကျင့်စဉ်နဲ့ လက်နက်တွေ ပေးခဲ့တယ်။ အဲဒီကတည်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နာမည်က စတင် မြင့်တက်လာတာပဲ။ ဒီအထဲ ရတနာပါနေရင်တောင် အံ့ဩစရာတော့ မဟုတ်ဘူး ”

“ ဟုတ်တယ်။ တာ့ရှစ်ရှိုးက မဟာအမှောင်ကောင်းကင် အောက်မေ့ရာကို  နဂါးသွဲ့ကျောက်ဓားနဲ့သုံးပြီး အဆင့်မြင့် ကျင့်ကြံသူအများကြီးကို အနိုင်ပိုင်းပစ်ခဲ့တာပဲ။ အဲဒီနောက်ပိုင်း ငရဲဂိုဏ်းကို တည်ထောင်ပြီး တာ့ယန်မှာ အကြီးမားဆုံးဂိုဏ်း ဖြစ်လာခဲ့တယ်။ အဲဒါအပြင် အာ့ရှစ်ရှိုးရဲ့ ကွေ့ယွမ်ဓားကျင့်စဉ်ကလည်း ပြီးပြည့်စုံတဲ့အဆင့်အထိ ရောက်သွားတယ်။ ဒီအထက်ပိုင်းမြို့ထဲ ဘယ်သူမှ သူ့ကို မထိနိုင်ဘူး။ သူက အဖိုးတန်ရတနာများစွာကိုလည်း ဖျက်စီးပစ်ခဲ့တယ် ” ကျူးဟုန်ကုန်း၏ စကားထဲ ချီးကျူးမှုများနှင့် ပြည့်နှက်နေသည်။

ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းအား လှည့်ကြည့်လိုက်သည်။

ကျူးဟုန်ကုန်းက နှလုံးခုန်မြန်သွားကာ မြန်မြန် ထပ်ပြောလိုက်၏  “ အာ … အာ့ရှစ်ရှိုးရဲ့ ဓားကျင့်စဉ်က အားကောင်းပေမဲ့ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနဲ့ ယှဉ်လိုက်ရင်တော့ မှေးမှိန်သွားရတာပဲ ”

ယွီကျန့်ဟိုင်က ပြောလိုက်သည်  “ အာ့ရှစ်တိက ငါနဲ့ အမြဲလိုက်ဆန့်ကျင်နေတာ။ ဒါပေမဲ့ ငါက သူ့ရဲ့ တာ့ရှစ်ရှိုး ဖြစ်နေတုန်းလေ ”

“ဟုတ်တာပေါ့ ဟုတ်တာပေါ့။ တာ့ရှစ်ရှိုးရဲ့ သဘောထားကြီးမြတ်မှုက တခြားလူတွေ လိုက်တုနိုင်တဲ့အရာ မဟုတ်ဘူးလေ  ” ကျူးဟုန်ကုန်းက ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်လက်အောက်မှ ချန်းဝမ်ကျဲကို သတ်ခဲ့ကြောင်း သိထားလေသည်။ ချန်းဝမ်ကျဲသည် ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ဓားကျွမ်းကျင်သူ ဖြစ်၏။ ချန်းဝမ်ကျဲက ယွီကျန့်ဟိုင်၏ လက်ထောက်တစ်ယောက်အဖြစ် မှတ်ယူနိင်လေသည်။ သို့သော်လည်း ယွီကျန့်ဟိုင်က ယွီရှန်းရုန်ကို ဘာမှမလုပ်ခဲ့ပေ။ အကယ်၍ ဒါက သဘောထားကြီးမှု မဟုတ်လျှင် သူလည်း ဘာမှန်း မသိတော့ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now