အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း

2.1K 329 5
                                    

အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း

မင်ရှစ်ရင်က သူ့စွမ်းအားအသစ်ကို ပြသဖို့ မစောင့်နိုင်တော့ပေ။ သူက စွမ်းအား ထုတ်လွှင့်လိုက်ပြီးနောက် တောင်အောက် မြန်မြန်ဆင်းရန် စိတ်အားတက်ကြွနေလေသည်။ သူက အကာအရံအပြင်ဘက်မှ ကျင့်ကြံသူများကို မြင်လိုက်သည့်အခါ အားရပါးရ ပြုံးရယ်လိုက်ပြီး

" ဒုက္ခမိုင်တစ်ရာရှုကွင်း "

သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်မှာ ပေနှစ်ဆယ်မျှသာ ရှိသော်လည်း စွမ်းအားမှာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတို့ လာယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

အကာအရံအပြင်ဘက်မှ အမျိုးသမီး ကျင့်ကြံသူအုပ်စုက စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ အမူအရာတို့ ပြောင်းလဲကုန်ကြသည်။

" စိတ်ဝိညာဉ်သဏ္ဌာန် ... ဒုက္ခမိုင်တစ်ရာရှုကွင်းလား " ဦးဆောင်လာသည့် အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

" ပြေး " တစ်ယောက်ယောက်က ထွက်ပြေးချင်နေသည်။

" ခဏ ... ဒီ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က သေးနေတယ်။ သူက အစောပိုင်း နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ပဲ ဖြစ်လိမ့်မယ်။ မိစ္ဆာခေါင်းဆောင်အိုကြီးရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က ပေတစ်ရာကျော်တယ်။ သူ မဟုတ်ဘူး "

" ပြီးတော့ ငါတို့ ဘယ်ကိုများ ထွက်ပြေးနိုင်ဦးမှာလဲ "

အမျိုးသမီး ကျင့်ကြံသူများက စိုးရိမ်တကြီး ဆွေးနွေးနေစဉ် ပေနှစ်ဆယ်အမြင့်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်က သူတို့နား ရောက်ရှိလာသည်။

မင်ရှစ်ရင်က သူတို့အား ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။

" မင်းတို့က ဘယ်သူလဲ ... ရွှေနန်းဥယျာဉ်တောင် နယ်နမိတ်ကို ကျူးကျော်ရဲတယ်ပေါ့ "

အမျိုးသမီး ကျင့်ကြံသူအားလုံးက ဒူးထောက်လိုက်ကြသည်။

" ဟမ် " မင်ရှစ်ရင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ ဤသည်မှာ သူ မျှော်လင့်ထားသလို မဟုတ်ပေ။ သူ စိတ်ကူးထားသော မြင်ကွင်းမှာ သူတို့အားလုံးကို အညံ့ခံခိုင်းသော်လည်း သူတို့က ငြင်းပယ်မည် ဖြစ်ကာ နောက်ဆုံးတွင် အကောင်းဆုံးတိုက်ကွက်ဖြင့် သူတို့ကို သတ်လိုက်ရမည် ဖြစ်၏။ သူတို့က သူ ပေါ်လာသည်နှင့် ဒူးထောက်ကာ တောင်းပန်ရသည့် အကြောင်းအရင်းအား နားမလည်နိုင်ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now