အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်

2K 264 0
                                    

အခန်း (၁၀၆)  ကျောက်စိမ်းယဇ်ပလ္လင်

မိစ္ဆာကျောင်းတော်၏ ကျို့ရှင်းချန်ကို လုကျိုးက သတ်လိုက်ခြင်း ဖြစ်၏။ ရန်ပုဖင်းအနေနှင့် ကျို့ရှင်းချန်အတွက် လက်စားချေပေးလိုသည်မှာ ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း လုကျိုးက ရန်ပုဖင်းသည် လက်စားချေရန်အတွက် သမာသမတ်ဂိုဏ်းမျာနှင့် တွဲလုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဖြောင့်မတ်ခြင်းနှင့် မိစ္ဆာလမ်းစဉ်တို့က ရှေးအခါကတည်းက ဘယ်သောအခါမှ အတူတွဲမလုပ်ကြပေ။ မိစ္ဆာကျောင်းတော်သည် ပြစ်မှုကျူးလွန်ရာ၌ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သိပ်မကွာလှပေ။ ကျို့ရှင်းချန် တစ်ယောက်တည်းဖြင့် ပေနက်လွှာ တတိယအဆင့် မဟုတ်ပါလော။

မိစ္ဆာကျောင်းတော်က နှစ်ပိုင်းအတွင်း အင်အားစုအသေးလေးများကို ဝါးမျိုကာ အင်အားစုကြီးတစ်ခု ဖြစ်လာခဲ့သည်။ သူတို့ ပြုစုပျိုးထောင်ပေးခဲ့ရသော အဆင့်မြင့် ကျင့်ကြံသူက မိစ္ဆာဝေဟင်မျှော်နန်းလက်ထဲ သေဆုံးသွားလေရာ သူတို့အနေနှင့် မကျေနပ်သည်မှာ သဘာဝသာ ဖြစ်သည်။

လုကျိုးက အသံအနိမ့်အမြင့် ပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်သည်။

“ သူတို့က ငါနဲ့ ရင်ဆိုင်ချင်မှတော့ ငါ ကျောက်စိမ်းယဇ်ပလ္လင်ဆီ တန်းသွားလိုက်သင့်တယ်”

ထိုစကားကို ကြားကာ မင်ရှစ်ရင်က ယုံကြည်ချက်မဲ့ဟန်ဖြင့် ပြောလိုက်သည်  “ ရှစ်စွင်း အဲဒါက သမာသမတ်ဂိုဏ်းရဲ့ ပိုင်နက်ထဲလေ။ ကျွန်တော် စိုးရိမ်တာက … ”

လုကျိုးက မင်ရှစ်ရင်အား စိုက်ကြည့်ကာ  “ မင်ရှစ်ရင် ”

“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင်က ရင်ဘတ် တူနှင့်အရိုက်ခံရသလို ခံစားလိုက်ရသည်။ နာမည်အပြည့်အစုံအခေါ်ခံရခြင်းက ပျော်ရွှင်ဖွယ်ကောင်းသည့် ခံစားချက်မျိုးတော့ မဟုတ်ပေ။

“ မင်းကြောက်နေတာလား ”လုကျိုးက မေးလိုက်သည်။

လွန်ခဲ့သည့်နှစ်များစွာ၌ မင်ရှစ်ရင်သည် နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် မရောက်ခင် နယ်မြေအနှံ့လျှောက်သွားကာ ပြဿနာရှာခဲ့စဉ်အခါက သမာသမတ်ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူဖြစ်သည့် ကျန့်ချိုးချီနှင့် တွေ့ဖူးလေသည်။ မင်ရှစ်ရင် ရှုံးနိမ့်ခဲ့ရကာ ထိုအဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရသွားခဲ့သည်။ သို့သော်လည်း သူ့စိတ်ဒဏ်ရာက  ကျင့်ကြံဆင့် တန့်ဆိုင်းကာ နှလုံးသားထဲ အစိုင်အဖွဲ့ ဖြစ်သွားသည့် ယွင်ဂိုဏ်းရှိ ဟွားဝူတောက်၏ စိတ်ဒဏ်ရာလောက် မပြင်းထန်ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now