အခန်း (၁၇၀) ဟေးမုလျန်

1.5K 221 1
                                    

အခန်း (၁၇၀) ဟေးမုလျန်

ကျူးဟုန်ကုန်းက ရိုသေလေးစားခံရသည့် ဖြောင့်မတ်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူက အဖွဲ့ခေါင်းဆောင်လို အမှန်တကယ် ပြုမူနေလေသည်။

ဒူးထောက်နေကြသည့် သူ့အဖွဲ့သားများက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က ကျူးဟုန်ကုန်းအား အရိုအသေပေးလိုက်ကြပြီးနောက် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်ကြသည်။

“ ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ် ”

ကျူးဟုန်ကုန်းက အံ့ဩသွားသည်။

‘သူတို့က အခုအချိန် ငါ့စကားတွေကို နားထောင်ပြီး နှာတွဲလောင်း၊ မျက်ရည်စက်လက် ဖြစ်နေရမှာ မဟုတ်ဘူးလား …’

“ ထွက်သွားကြစမ်း … မင်းတို့ နှလုံးသားမရှိတဲ့ကောင်စုတ်တွေ ”

အဖွဲ့သားများက မြန်မြန် ထကာ ထွက်သွားကြလေသည်။

မင်ရှစ်ရင်က လက်ဝေ့လိုက်သည့်အခါ လမ်းကို ပိတ်ဆို့ထားသည့် နွယ်ပင်များက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ထိုပါးမွှားလေးများကို တိုက်ခိုက်ဖို့ အကြောင်းအရင်း မရှိချေ။ ထို့အပြင် သူတို့က ကျူးဟုန်ကုန်း၏ လက်အောက်ငယ်သားများ ဖြစ်သောကြောင့် လွှတ်ပေးလိုက်သည်က ပိုကောင်းပေသည်။

“ ဒီနေရာအကြောင်း မေ့ထားလိုက်တော့။ မင်းအတွက် မိစ္ဆာဝေဟင်မျှော်နန်းမှာ နေရာရှိတယ်”

မင်ရှစ်ရင်က ကျူးဟုန်ကုန်း၏ အင်တင်တင် အမူအရာကို မြင်သည့်အခါ ပြောလိုက်သည်။

“ရှစ်ရှိုး … ကျွန်တော် ဒီမှာအများကြီး ကြိုးစားခဲ့တာ။ ဒီနေရာက အပင်တစ်ပင်ချင်းစီနဲ့ ဆက်သွယ်မှုရှိနေသလိုကို ခံစားနေရတာ”

“  ပါးစပ်ပိတ်ထားလိုက်တော့ ” မင်ရှစ်ရင်က မျက်လုံးဝေ့ကြည့်လိုက်သည်။

‘ဒီလိုအချိန်မျိုးတောင် သူက ဟန်ဆောင်နေတုန်းဆိုတာ မယုံနိုင်ဘူး …’

ကျူးဟုန်ကုန်းက ဝန်လေးစွာ ပြောလိုက်သည်။  “အဲဆိုလည်း သွားကြတာပေါ့ … ”

နှစ်ယောက်သား ကျားတောင်ရိုးဂိုဏ်းမှ ထွက်လာလိုက်ကြသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now