အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်

2.9K 461 9
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME 
.........
အခန်း (၁၆)  တပည့်ဆိုးများ၏ စိတ်ဓာတ်

“ တင်း … လူ ၃၅ ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကို လက်ခံရရှိတဲ့အတွက် ကုသိုလ်အမှတ် ၃၅၀ ရရှိပါတယ် ”

လုကျိုးက ခေါင်းအသာညိတ်ကာ တီးတိုးရေရွတ်လိုက်သည်  “ သူတို့ကို လုံးလုံး သင်မရတာတော့ မဟုတ်ဘူးပဲ ”

……………

သွေးသားဆန္ဒကို ရှာဖွေမည့်အစား မင်ရှစ်ရှင်က အနောက်ဘက်သို့ ဆက်လက် ပျံသန်းသွားလိုက်သည်။ ထို့နောက် ယီစီရင်စု၏ မြို့အပြင်ဘက် သစ်တောထဲ ရောက်ရှိလာသည်။

“ ဒါက ကျားတောင်ရိုးပဲ နေမယ်” သူက မြေပုံကို ထုတ်ကာ ဂရုတစိုက် သေချာကြည့်လိုက်ပြီးနောက် ပြန်သိမ်းထားလိုက်သည်။

ဤနေရာက လှပကာ တိတ်ဆိတ်ငြိမ်သက်သော်လည်း နောက်ကွယ်ရှိ အန္တရာယ်များသောအရာကို မြူများဖြင့် ဖုံးလွှမ်းပေးထားသည်။ ထောင့်တစ်နေရာမှ သားရဲတစ်ကောင် ခုန်ထွက်လာတော့မည့်ဟန် ပေါ်နေသည်။ သို့သော်လည်း နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်အနေနှင့် ကြောက်ရမည့် အရာတော့ မဟုတ်ပေ။ အကြောင်းမှာ မည်သည့်သားရဲကမှ သူတို့နှင့် ပြိုင်ဖက် ဖြစ်နိုင်မည် မဟုတ်ပေ။

“ လောင်ပါ့ … မင်းရဲ့ ရှစ်ရှိုး လာတွေ့တယ် ”

သူက ပြောလိုက်ရင်း တောအုပ်ထဲ တစ္ဆေတစ်ကောင်အလား လှုပ်ရှားဝင်ရောက်လိုက်သည်။ သူ့ခြေလှမ်းတစ်လှမ်းစီက ပေတစ်ရာလောက် ကျယ်၏။

ကျားတောင်ရိုးဂိုဏ်း ထဲ၌

အဖွဲ့ခေါင်းဆောင် ကျူးဟုန်ကုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေ၏။

“ ခေါင်းဆောင် .. ကျင့်ကြံသူတစ်ယောက်က လာတွေ့ဖို့ တောင်းဆိုနေပါတယ် ”

“ ဝေးဝေးနှင်လွှတ်လိုက် … ငါ အိပ်တာကို လာနှောင့်ယှက်နေတာပဲ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now