အခန်း (၁၁၀) ရန်သူဟောင်း

1.7K 253 2
                                    

အခန်း (၁၁၀) ရန်သူဟောင်း

ရှောင်ယွမ်အာက မရယ်ပေ။ သူမ၏ မျက်ကြောတို့က ဤအခြေအနေမျိုး၌ ဘာတုံ့ပြန်မှုမှ မရှိလာချေ။ သူမက လုကျိုးဆီ လျှောက်လာကာ ညင်ညင်သာသာ မေးလိုက်သည်။

“ ရှစ်စွင်း .. သူတို့က ရှစ်စွင်းကို တော်တော်ကြောက်နေကြတာပဲ ”

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီးနောက် ထျန်းကျန့်မြစ်ရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူ့တွက်ချက်မှုအရ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ယခု ရောက်လာလောက်လေပြီ။ ဟွားဝူတောက်အတွက်မူ သူ ကြားထားသလောက် မကြာခင် ရောက်လာလောက်၏။ အကယ်၍ ဤသို့သာ ဖြစ်လာခဲ့လျှင် အခြေအနေကောင်းကို စောင့်ဆိုင်းရမည်။ ဟွားဝူတောက်ကို နေရာအနှံ့ လိုက်ရှာနေရန် မလိုတော့ပေ။ အကယ်၍ ဟွားဝူတောက်သာ ယွီလုံရွာအဖြစ်အပျက်နောက်ကွယ်မှ ကြိုးကိုင်သူကို ကောင်းကောင်းသိနေခဲ့လျှင် ပိုကောင်းပေမည်။ ထိုစဉ် သူ့အတွက် သတင်းရနိုင်မည့်လူမှာ ဟွားဝူတောက်သာ ဖြစ်၏။

နန်းတော်မှ စုန်းအတတ် ပညာရှင်က အင်မတန် ဉာဏ်များပေသည်။ သူက ထျန်းကျန့်မြစ်ဝန်းကျင် မဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းထားရုံသာမက လေထဲမှ အနီရောင်ရထားလုံးပျံမှတဆင့် အခြေအနေများကို စောင့်ကြည့်ကာ အမိန့်ပေးနိုင်လေသည်။ သူက စုန်းအတတ် ကျွမ်းကျင်လှကြောင်း သိသာလှသည်။ ထို့အပြင် သူက နတ်လေးသျှင် တစ်ယောက်ဖြစ်သည့် ချန်းကျူကို အမိန့်ပေးလောက်အောင်အထိ အားကောင်းနေသည်။ သူက အဆင့်တန်းမြင့်မားပြီး လွှမ်းမိုးမှု ကြီးကြီးမားမား ရှိပေလိမ့်မည်။

ထျန်းကျန့်မြစ် တိုက်ပွဲအပြီးတွင် ထိုပညာရှင်က အင်မတန် သတိထားကာ ဉာဏ်များလာခဲ့သည်။ ကျန်းအိုက်ကျန့်က နန်းတော်အတွင်း အဆက်အသွယ်များ ရှိသော်လည်း သူပင် ထိုလူအနား မချည်းကပ်နိုင်ပေ။ လုကျိုးလို အပြင်လူတစ်ယောက်ကို ထည့်ပြောနေစရာ မလိုတော့ပေ။

“ ဟွားဝူတောက် ” လုကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။

“ ကျုပ်တို့ဂိုဏ်းချုပ်က အခု အတွေးနစ်နေပုံပဲ … ဆရာကြီးကို စောင့်ဆိုင်းမိစေတဲ့အတွက်  ကျုပ် ခေါင်းဖြတ်ခံသင့်ပါတယ် ” ငါးယောက်မြောက် အကြီးအကဲ ကျန်းချူက ဦးညွတ်ကာ ပြောလိုက်သည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now