အခန်း (၁၂၄) ဓားကောင်းလေး

1.7K 249 3
                                    

အခန်း (၁၂၄) ဓားကောင်းလေး

ကျန်းအိုက်ကျန့်လက်ထဲ အနက်ရောင် ပစ္စည်းတစ်ခု ကျရောက်လာသည်။ ထိုအရာနှင့် ဓားနှင့် မတူပေ။ ပါဆယ်ထုပ်လေးနှင့် ပိုတူ၏။ သို့သော်လည်း ကျန်းအိုက်ကျန့်၏ မျက်ဝန်းများက တအံ့တဩ ဖြစ်သွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တော်ဝင်တံဆိပ်တော်လား ”

“ဟုတ်တယ်။ မင်းကို ပေးမဲ့ ဓားကောင်းလေးက ဒီတော်ဝင်တံဆိပ်တော်ပဲ” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

တော်ဝင်တံဆိပ်တော်က ဓားကောင်းလား။ အခြားလူတွေက ထိုအရာကြောင့် ဦးနှောက်ခြောက်သွားကြသည်။

ကျန်းအိုက်ကျန်က ခေါင်းကုတ်ကာ  “တကယ်လို့ ဒီတံဆိပ်ပြားကို တခြားသူဆီ ပေးရင် လောင်ချန်ပေ့အတွက် အရမ်းအသုံးဝင်လောက်တယ်။ ကျွန်တော်ကို ပေးလိုက်တာ ဖြုန်းတီးသလို ဖြစ်မနေဘူးလား။ ကျွန်တော်က ကြောက်တတ်တယ်။ လူတွေကို အမိန့်ပေးဖို့ သတ္တိမရှိဘူး ”

လုကျိုးက မုတ်ဆိတ်မွေးသပ်ကာ “ဒီပစ္စည်းက တော်ဝင်တံဆိပ်တော်ပဲ။ ဒါပေမဲ့ ဒါက တော်ဝင်သိုလှောင်ခန်းရဲ့ သော့လည်း ဟုတ်တယ်။ မဟုတ်ရင် တော်ဝင်မိသားစုတွေက ဒီဟာကို ဘာလို့ လိုက်ရှာနေကြမှာလဲ ”

ကျန်းအိုက်ကျန့်က လုကျိုး၏ စကားများကြောင့် တအံ့တဩဖြစ်သွားလေသည်။ သူ တစ်ယောက်တည်း မဟုတ်ပေ။ အခြားသူများက တော်ဝင်တံဆိပ်တော်အတွက် နောက်ထပ် အသုံးဝင်မှုရှိမှန်း မသိကြပေ။

“ ဒီလိုဆိုတော့ လောင်ချန်ပေ့က ကျွန်တော်ကို ထိခိုက်အောင်လုပ်ချင်နေတာလား။ ဒီဟာကိုသာ ကျွန်တော် လက်ဝယ်ပိုင်ထားရင် ပြဿနာတက်တော့မှာပေါ့။ နန်းတော်က လူတွေသာ ဒီဟာအကြောင်း သိသွားခဲ့ရင် သူတို့က ကျွန်တော်ကို အမဲလိုက်ကြတော့မှာ မဟုတ်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“မင်းက ဒီဟာကို သိမ်းထားဖို့ အသင့်တော်ဆုံးလူပဲ။ မင်းက မင်းသားတစ်ယောက်.. ဓားကိုလည်း ချစ်တယ်။ မင်းတစ်ယောက်တည်းပဲ သိုလှောင်ခန်းဆီ သွားနိုင်မှာ။ ဒီဟာကို အလျင်စလို မငြင်းပစ်နဲ့အုံး၊ ငါ ပြောချင်တာက ဓားကောင်းတစ်လက် အဲဒီထဲမှာ သိမ်းထားတယ်။ အဲဓားနာမည်က နဂါးတေးသံတဲ့ ”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now