အခန်း (၃၇) မိစ္ဆာတပည့်

2.3K 379 9
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬
Translator - ME

အခန်း (၃၇) မိစ္ဆာတပည့်

ယဲ့ထျန်းရှင်းက နောက်ဆုတ်သွားပြီး သူမ၏ ရင်ထဲ ကြောက်လန့်မှုတို့ လျင်မြန်စွာ ကြီးစိုးလာသည်။ သူမသည် အကြောက်တရား မရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သို့သော် ယနေ့တွင် ထိုခံစားချက် ထပ်ပေါ်လာ၏။ ထို့ကြောင့် သူမ၏ အစီအစဉ်ကို လုံး၀ မေ့လျော့သွားခဲ့သည်။

လုကျိုးက ဗြဟ္မာပင်လယ်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများကို ကြည့်တောင် မကြည့်ပေ။ ရုန်းကန်နေသည့် နတ်ဒေဝါဦးတည်နယ်ပယ်ကျွမ်းကျင်သူများ အတွက်မူ သူတို့ ရှုံးနိမ့်ဖို့က အချိန်အတိုင်းအတာ တစ်ခုသာ လိုတာ ဖြစ်သည်။ သူကို မြင်ချိန်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေထိပ်သီးဆရာကြီး ဆယ်ဦးတောင် ထွက်ပြေးခဲ့ရသည်။ နတ်ဒေဝါဦးတည်နယ်ပယ်တစ်စုဆို ပြောနေရန်တောင် မလိုတော့ချေ။

သူ့အကြည့်က ယဲ့ထျန်းရှင်းဆီ ရောက်သွားစဉ် လက်တစ်ဖက်ကို အသာ မြှောက်လိုက်သည်။ ပြီးနောက် လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားတစ်ခုက ဝမ်ဖူကွေ့ကို ဧရာမလက်ကြီးသဖွယ် ဆွဲယူလိုက်သည်။

“အား...”

ဝမ်ဖူကွေ့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ လုကျိုး၏ လက်တွင်း ဇက်က ဆုပ်ကိုင်ခံလိုက်ုတော့သည်။

“တော်ဝင်တံဆိပ်တော်အကြောင်း တလောကလုံးက လူအားလုံး သိတယ်၊ ဒီတော့ မုရုန်ဟိုင်က အဲဒါကို ဘယ်လိုလုပ် မစစ်ဆေးဘဲနေမှာလဲ၊ မင်း အဲဒီနည်းထဲ ဝင်မပါသင့်ဘူး”

ထိုလူက စီမိသားစု၏ အိမ်တော်တွင် ယဲ့ထျန်းရှင်း ထားထားသည့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သည်။ သူက လုကျိုးနှင့် ယွမ်အာလေးကို ပထမဆုံးအကြိမ် မြင်သည့်အချိန်တွင် သူတို့က ရွှေနန်းဥယျာဉ်တောင်၏ မိစ္ဆာဂိုဏ်းချုပ် ဟုတ်မဟုတ် သူ သေချာမသိပေ။ သို့သော် တံဆိပ်တော်ကို ရသည့်အချိန်တွင် သူက အားလုံးကို အတည်ပြုပြီးဖြစ်ကာ ယဲ့ထျန်းရှင်း၏ အစီအစဉ်အတိုင်း ဆက်သွားတော့သည်။ ညသန်းခေါင်တွင် လုကျိုးကို လုပ်ကြံရန် သူ တွေးခဲ့သည်။ သို့သော် ထိုအဘိုးကြီးက ရွှေနန်းဥယျာဉ်တောင်၏ ဂိုဏ်းချုပ်မဟုတ်ဟု သူ အမြဲတမ်း ခံစားမိနေသည်။ သူက မိစ္ဆာဂိုဏ်းချုပ်ကို ကြောက်ရွံ့ပြီး ယဲ့ထျန်းရှင်း၏ အစီအစဉ်ကို ဖျက်ဆီးမိမှာကိုလည်း စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ မလုပ်ကြံခဲ့ပေ။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now