အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
ခန်းမကျယ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကာ အပ်ကျသံပင် ကြားရလောက်၏။
လုကျိုး၏ အမူအယာက တည်ငြိမ်နေဆဲ ဖြစ်၏။
‘ ဒါက ထူးခြားလှတယ်ဆိုတဲ့ စွမ်းအားလား ’ သူ့ဘာသာ တွေးလိုက်မိသည်။
သူက အသေရိုက်ချက်ကတ်သည် ကြောက်ရွံ့ခြင်း ကင်းမဲ့သော တံဆိပ်တော်ပုံစံဖြင့် ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကြောင်းမှာ သူက ဇင် ပညာရပ်ကို တစ်ခါမှ မကျင့်ကြံဖူး၍ ဖြစ်၏။ သူ့မှတ်ဉာဏ်ထဲ၌ သူက အခြေခံလက်ဟန်တချို့နှင့် တိုက်ခိုက်ရေးပညာရပ်တချို့ကို သိထားသော်လည်း တစ်ခါမှ လေ့လာကြည့်ဖို့ မကြိုးစားဖူးပေ။ သူက ကတ်သည် ထိုသို့ထုတ်ပေးလိမ့်မည်ဟုလည်း နားမလည်ပေ။ သူက အသုံးပြုလိုက်ရင်း သိပ်မတွေးလိုက်မိပေ။
“ ဒုခေါင်းဆောင် ”
“ဒုခေါင်းဆောင် ”
ကျို့ရှင်းချန်၏ လူများက ဝန်းထဲ ကြောက်လန့်တကြား ပြေးထွက်လာကြသည်။ သူတို့၏ အလိုလိုသိစိတ်မှ သူတို့ခေါင်းဆောင်သည် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိကြောင်း သိနေသည်။ တွမ့်မူရှန်း၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာ၊ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးတို့လည်း နောက်မှ လိုက်ပါလာကြသည်။
လုကျိုးက ခန်းမကျယ်အတွင်း ကျန်ရှိနေခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သူက သူတို့နောက်လိုက်သွားစရာ မလိုပေ။ သူ တိုက်လိုက်သည့် အခိုက်အတန့် ထိုစွမ်းအား၏ အင်အားကို ကောင်းကောင်းကြီး ခံစားမိလိုက်၏။ သူက ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကို အတွေ့အကြုံမှ ခံစားမိဖူးပြီးသား ဖြစ်ရာ ထိုကတ်သည် မည်မျှအားပြင်းကြောင်း သေချာသိလိုက်သည်။
ဘယ်လောက်တောင် အားကောင်းနေတာလဲ …
စောစောလေးက ခံစားချက်အရ ထိုကတ်သည် ကျို့ရှင်းချန်အား အလွယ်တကူ အနိုင်ပိုင်းပစ်နိုင်လိုက်သောကြောင့် အထွတ်အထိပ်သဏ္ဌာန်ကတ်ထက်ပင် အားပြင်းနေပုံပေါ်သည်။ သို့သော်လည်း ထိုသူက မည်မျှခုံခံစေကာမူ သူ့ထက် အားအနည်းငယ် ပိုကောင်းကြောင်း သက်သေပြပြီးသား ဖြစ်သွားလေပြီ။
VOCÊ ESTÁ LENDO
ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲ
Fantasiaအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...