အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ

1.5K 222 2
                                    

အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ

မင်ရှစ်ရင် စိတ်ထဲ ပထမဆုံးပေါ်လာသည့်သူမှာ ဖန်းရှုဝမ် ဖြစ်၏။ ပေါက်ကွဲမှုကြား ပါသွားသည့်လူများကြား ဖန်းရှုဝမ် တစ်ယောက်တည်းသာ အသက်ရှင်နိုင်ခြေ ရှိလေသည်။ သူ့လက်အောက်ငယ်သား  နှစ်ယောက်ဖြစ်သည့် ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့ပင် ဒီလိုစွမ်းရည်မျိုး မရှိကြပေ။

လုကျိုးက ရထားလုံးပျံထိပ်တွင် ရပ်နေသည်။ သူက မီးကျွမ်းထားသည့် မြေကြီးအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်မောင်းတစ်ဖက်ကိုလည်း မြင်လိုက်ရသည်။

“ရှစ်စွင်း ဖန်းရှုဝမ် ဖြစ်နိုင်ခြေရှိတယ်။ သူက တကယ်ကို ဇွဲကြီးတာပဲ။ ရှစ်စွင်းက ကိုယ့်ဘာသာ ဒုက္ခရှာဖို့ မလိုပါဘူး။ ကျွန်တော် သွားသတ်ပေးမယ် ” မင်ရှစ်ရင်က လက်မြောက်ကာ ပြောလိုက်သည်။ သူ့ခွဲခွာချိတ်ကောက်က လက်ထဲ ဝေ့ယမ်းရင်း မှိန်ဖျဖျ တောက်ပလာသည်။

“ ကျွန်တော်တို့ အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန် ဂရုစိုက်သင့်တယ် ”

တွမ့်မူရှန်းက ပြောစရာပင် ရှာမတွေ့တော့ချေ။

လောင်စစ် အားနည်းသူကို အနိုင်ကျင့်တဲ့နေရာ တော်သားပဲ …

မင်ရှစ်ရင်က မီးတူးနေသည့် လက်မောင်းဆီ လျှောက်လာလေသည်။

“တူးလိုက်”

“ဟင် ”

တွမ့်မူရှန်းက ရှင်းပြလိုက်၏။

“ ရှစ်စွင်းက မင်းကို လက်မောင်းနားက မြေကြီးကို တူးခိုင်းနေတာ။ ဘယ်သူလဲ ကြည့်ရအောင်လို့”

“အိုး” မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို ပြန်ခေါ်လိုက်ပြီးနောက် အနည်းငယ် တွေဝေနေသည်။

နှမြောစရာကောင်းလိုက်တာ … ငါသာ ဒီလိုအားကောင်းတဲ့ ရန်သူမျိုးကို သတ်နိုင်ခဲ့ရင် ဘယ်သူမှ မင်ရှစ်ရင်နာမည်ကို အထင်သေးရဲမှာ မဟုတ်တော့ဘူး …

သူက လက်အသာဝှေ့လိုက်သည့်အခါ စွမ်းအားတချို့က လက်မောင်းအနားမှ မြေကြီးကို ပြေလျော့သွားစေသည်။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now