အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်

1.4K 207 1
                                    

အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်

ကျူးဟုန်ကုန်းက တံတွေးမျိုချလိုက်၏။ မဟာခန်းမ ဝင်ပေါက်အထက်ရှိ စကားလုံးကြီးသုံးလုံးကို မော့ကြည့်လိုက်မိတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း

ယင်းက လူများစွာက ကြောက်လန့်ပြီး လိုချင်တပ်မက်ကြသည့် မိစ္ဆာဝေဟင်မျှော်နန်းပင်ဖြစ်သည်။

ကျူးဟုန်ကုန်းက ဤနေရာကို သူအကြိမ်မည်မျှများစွာ အိမ်မက်မက်ခဲ့မိမှန်း မမှတ်မိတော့ပေ။ နောက်ဆုံး၌ ဤနေရာသို့ ရောက်နေပြီဖြစ်ရာ သူ၏ခံစားချက်များက ရှုပ်ထွေးနေလေ၏။ နောက်ဆုံးတွင် သူတို့က ခန်းမထဲသို့ဝင်လိုက်ကြသည်။

ကျူးဟုန်ကုန်းက ယခုလှုပ်ရှားတာ ပိုမြန်ဆန်၏။ သူ၏ရှစ်စွင်းသည် အချိန်ဖြုန်းသူများကို အမုန်းဆုံးဆိုတာ သိနေပေသည်။ သူက မင်ရှစ်ရင်နောက်မှ နီးကပ်စွာလိုက်လာလေ၏။ သူတို့သည် ဧရာမတိုက်နှစ်ခုကိုကျော်ဖြတ်ပြီးနောက် ခန်းမအလယ်သို့ရောက်နေပြီဖြစ်သည်။ သူက မော့ကြည့် လိုက်ရာ အသက်ကြီးပုံမရသည့် ဖျတ်လတ်သည့်အကြီးအကဲတစ်ဦး မဟာခန်းမထဲရှိခုံမြင့်မြင့်တွင် ထိုင်နေတာသိလိုက်ရသည်။ သူ၏အကြည့်က နက်ရှိုင်းပြီး ထိုးဖောက်နိုင်စွမ်းရှိ၏။

ထောက်

ကျူးဟုန်ကုန်းသည် လုကျိုး၏စူးစိုက်သည့်အကြည့်ကြောင့် ကြောက်လန့်လွန်းသွားရာ ချက်ချင်း ဒူးထောက်လိုက်တော့၏။ သူက အမြန်အရိုအသေပေးလိုက်၏။

“ရှစ်စွင်းကို နှုတ်ဆက်ပါတယ်။ အသက်ရှည်ပြီးအောင်မြင်တဲ့ ဘဝရပါစေ”

ထိုစကားကိုကြားသောအခါ မင်ရှစ်ရင်၏မျက်ခွံများတွန့်သွားသည်။ သူ၏ပြိုင်ဘက်ကို တွေ့ပြီဟုတွေးလိုက်မိသည်။

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။

“မင်း လူလိမ်လူကောက်”

“ရှစ်စွင်း ကျွန်တော်ရှင်းပြနိုင်ပါတယ်။ ရှစ်စွင်းကို ကျွန်တော်သစ္စာမဖောက်ခဲ့ပါဘူး။ ရွေးချယ်စရာမရှိဘဲ ထွက်သွားရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါရှစ်စွင်း”

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now