အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်

2.5K 388 7
                                    

Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬

Translator - ME

အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်

မင်ရှစ်ရင်က စိတ်ဆိုးမာန်ဆိုးဖြင့် "မင်း သိပ်ဟန်မဆောင်တာ ကောင်းလိမ့်မယ်၊ မင်းနဲ့ငါက ငယ်ရာကနေ ကြီးတဲ့အထိ အရိုက်ခံလာရတာ၊ ပြီးတော့ ဒီထက် ဒဏ်ရာပိုပြင်းခဲ့တာပဲ"

"မင်းက တကယ်ပါးနပ်တာပဲ ရှစ်တိ" တွမ့်မူရှန်းက အနေရခက်သည့် အပြုံးဖြင့် ပြောလိုက်သည်။

"ဆယ်ရက်... ဆယ်ရက်ကြာပြီးတဲ့ထိ မင်း အိပ်ရာထဲ ဆက်လဲနေမယ်ဆိုရင် ငါ အရံအတားကို ပြင်တာ ရပ်လိုက်မယ်၊ ရှစ်စွင်းပြန်ရောက်လာတဲ့အချိန် မင်း သင်ခန်းစာ အပေးခံရမှာပဲ" မင်ရှစ်ရင်က လက်ပိုက်လျက် ပြောလိုက်သည်။

"ဆယ်ရက် မလိုပါဘူး၊ ခုနစ်ရက်က လုံလောက်တာထက် ပိုသေး၊ ရှစ်တိ မင်း ငါ့ကို အခု ထားခဲ့လို့ရတယ်၊ ငါ့ဘာသာငါ ကုလိုက်မယ်၊ တစ်ကိုယ်တည်း ယောကျာ်းသားနှစ်ယောက် တစ်ခန်းတည်း အတူနေတာ မသင့်တော်ဘူး"

"ဖွီး" မင်ရှစ်ရင်က သူ့ဆရာတူအစ်ကိုကို ထားပြီး လှည့်ထွက်သွားတော့သည်။

အပြင်တွင် မှောင်မည်းနေပြီဖြစ်ကာ ကောင်းကင်ထက်တွင် လက မြင့်တက်နေပြီပင်။ မင်ရှစ်ရင်က ကောင်းကင်ကို မော့ကြည့်ပြီး သူ့ဘာသာ ရေရွတ်ပြောလိုက်၏။ "ရှစ်စွင်း ဘာတွေ တွေးနေတာလဲ၊ နေပါအုံး... အဲဒါ စာတစ်စောင်မလား"

သူက ကောင်းကင်ထဲ ခုန်တက်ပြီး စာသယ်လာသော ငှက်ကို ဖမ်းလိုက်၏။ စာကို ဖတ်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်ကာ တအံ့တဩ ပြောလိုက်သည်။

"စန်းကော ဒဏ်ရာရလာတာကို ရှစ်စွင်း ဘယ်လိုသိလဲမသိ"

သူက ပတ်ပတ်လည်ကို ဖျတ်ခနဲကြည့်ပြီး နတ်အာရုံကို သူ့အနားရှိ လေဟာနယ် မီတာရာချီဆီ ဖြန့်ကျက်လိုက်သည်။ သစ်ကိုင်းများပေါ်တွင် နားနေသည့် ငှက်အချို့မှအပ သူသည် အခြားသတ္တဝါ၊ သို့မဟုတ် လူတစ်ယောက်တလေမှ အာရုံမခံမိခဲ့ပေ။

မင်ရှစ်ရင်က မသက်မသာ ဖြစ်လာပြီး စိတ်ပူပန်လာတော့သည်။ သူ့ရှစ်စွင်းသည့် သူ့ကို အနီးတစ်နေရာမှ စောင့်ကြည့်နေသည်ဟု သူ ခံစားချက်ရနေသည်။ ထို့ကြောင့် သူက ဒူးထောက်လျက် "ရှစ်စွင်း ရှစ်စွင်းကို ရိုင်းပျဖို့ မရည်ရွယ်ခဲ့ပါဘူး၊ အရံအတားကို ပြင်ဖို့ အလုပ်သေချာ ကြိုးစားပြီး ရွှေနန်းဥယျာဉ်တောင်ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now