အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ

1.4K 203 0
                                    

အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ

“မင်းက လှည့်ဖျားတတ်တဲ့သူတစ်ယောက်ပဲ” မင်ရှစ်ရင်က ပြောပြီးဘေးကိုမှီလိုက်တော့သည်။

စီးဝူယာ့က ရှေ့သို့လျှောက်လာလျက် လှေကားပေါ်တက်လာသည်။ သူက မင်ရှစ်ရင်ဘေးရှိ ခုံ၌ ဖြည်းဖြည်းချင်း ထိုင်ကာ ပြုံးပြီးပြောလိုက်တော့၏။

“ဝေ့ကျိုးယန်က မိစ္ဆာဝေဟင်မျှော်နန်းထဲသွားတယ်လို့ ငါကြားတယ်”

“လောင်ချီ မင်း ထိန်းထားလိုက်၊ ငါ့ဆီက ဘာမှသိရမှာမဟုတ်ဘူး” မင်ရှစ်ရင်ကပြောလိုက်သည်။

“စစ်ရှစ်ရှိုး ကျွန်တော်တို့က တူညီတဲ့မျှော်နန်းတစ်ခုက လာတာပဲလေ။ သူစိမ်းတွေလို ပြုမူနေဖို့မလိုပါဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကျိုးအတွက် ဒါကို မေးနေတာပါ”

“မင့်-င်ကြီးကို...” မင်ရှစ်ရင်က ကြမ်းပြင်ပေါ်တံတွေးထွေးချလိုက်၏။

“မင်းရင်ထဲမှာ မိစ္ဆာဝေဟင်မျှော်နန်းသာ တကယ်ရှိတယ်ဆိုရင် ပြန်လာပြီး မင်းရဲ့အပြစ်ကို ချက်ချင်းလက်ခံလိုက်။ ကောင်းကင်ဘုံက မင်းရဲ့သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မယ်”

ကျူးဟုန်ကုန်းက ရင်ထဲ၌ အကြောက်တရားများခံစားလိုက်ရသည်။ သူ၏စစ်ရှစ်ရှိုးက ယခုအချိန်တွင် သေခြင်းရှင်ခြင်းအကြောင်းပြောနေပြီ ဖြစ်သည်။ သူ မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်သွားခဲ့လျှင် ကောင်းမွန်သည့်အရာများ စောင့်ဆိုင်းနေမှာမဟုတ်ဆိုတာကို ယုံကြည်မိသည်။

စီးဝူယာ့က ပြုံးပြီးခြောက်ကပ်ကပ်ပြောလိုက်တော့၏။

“ကျွန်တော့်ကို ဒီလောက်နှိမ့်ချနေဖို့ မလိုပါဘူး စစ်ရှစ်ရှိုး။ စစ်ရှစ်ရှိုး ဒေါသထွက်လည်း အဓိပ္ပာယ်မရှိဘူး။ ကျွန်တော့်မှာ ကိစ္စတွေ အများကြီးရှိသေးတယ်။ မပြီးမြောက်သေးဘူး။ ဒီတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ဘယ်လိုလုပ် ပြန်နိုင်မှာလဲ”

“ဒါဆိုကောင်းပြီလေ။ မိစ္ဆာဝေဟင်မျှော်နန်းဆီ စာပို့တာ ဘာရည်ရွယ်ချက်လဲ” မင်ရှစ်ရင်ကမေးပြီး စိတ်ရှုပ်ထွေးသွားလေ၏။

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now